မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေကြမ်းကို အတူတကွပူးပေါင်းဆွေးနွေးဖြေရှင်းရှာဖို့အတွက် မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်းကို ကမ်းလှမ်းထားတယ်လို့ မန္တလေးတိုင်းဒေသကြီး အိမ်၊ခြံ၊မြေ ကိုယ်စားလှယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံ ကသိရပါတယ်။
အခုအချိန်အထိကမ်းလှမ်းမှုကို လက်မခံသေးပါဘူး သူတို့လဲ သူတို့ဘာသာရေး ဆွဲမယ်ကျွန်တော်တို့အသင်းတွေက ပူးပေါင်းဆွေးနွေးအဖြေရှာခြင်းအားဖြင့်တစ်သံတည်းထွက်မယ်တစ်ကြိမ်တည်းပြီးမယ်လို့ မန္တလေးတိုင်းဒေသကြီး အိမ်၊ခြံ၊မြေ ကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဌ ဦးတင်မောင်က ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ဟာညီနောင်အသင်းများအဖြစ် ရပ်တည်နေကြပြီး တစ်ဦးနဲ့ တစ်ဦး အကြံဥာဏ်ပေးစရာ ရှိတာပေးပြီး ဆောင်ရွက်စရာရှိရင်လည်းအတူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်၊ပြည်သူ့လွှတ်တော် ရေးရာ ဆောင်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနဲ့အထူးကိစ္စရပ်တွေ လေ့လာစမ်းဆစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌသူရဦးရွှေမန်းဦးဆောင်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အိမ်ခြံမြေအသင်းတွေပါဝင်ဆွေးနွေးပြီး မြန်မာနိုင်ငံမှာ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းအတွက် ဥပဒေရေးဆွဲသင့်တယ်ဆိုတာကို အတည်ပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းတွေ ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုထားတဲ့ အသင်းသုံးသင်းရှိရာ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း၊ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း၊ နှင့် မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ် များဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ရှိတယ်လို့ သိရပါတယ်။
Credit: Kumudra Journal