ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရန်ကုန်မြို့ရဲ့ တောင်ဘက်နဲ့ အရှေ့မြောက်ဘက်ကို အဓိကထားလုပ်ဆောင်မယ်လို့ သိရပါတယ်။
ရန်ကုန်မြို့သစ်စံမံကိန်းကိုလက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင်ရေးဆွဲနေတယ်၊တောင်ဘက်အထိတိုးချဲ့ လုပ်ဆောင်ဖို့ တွေရှိတယ်၊တောင်ဘက်တိုးချဲ့တာက ရေကြောင်းပို့ဆောင်ရေးအဖြစ်ဆိပ်ကမ်းပို့ဆောင်ရေးတွေ ဖွံ့ဖြိုးလာဖို့ပါ၊အရှေ့မြောက်ဘက်ပိုင်းကိုကုန်းလမ်းပို့ဆောင်ရေးအတွက်အထောက်အကူဖြစ်စေတယ်လို့ ဒေါက်တာတိုးအောင် (Deputy Head of City Plann-ing & Land Administration Deptand Director of Urban Planning Division) ကပြောပါတယ်။
မြို့တွင်းပိုင်းဖွံ့ဖြိုးတိုးတက်ဖို့ ကိုဦးစားပေးစီမံကိန်း ၇၇ခုတင်ပြခဲ့ပြီးဦးစားပေးစီမံကိန်းတွေအဖြစ်အရှေ့မြောက်ဘက်၊ကြည့်မြင့်တိုင်၊သန်လျင်၊ဒလ၊ထန်းတပင်၊မှော်ဘီ-လှည်းကူးစတဲ့နေရာတွေ ကိုမြို့သစ်တွေလုပ်ဖို့ ရှိတယ်လို့ သိရတယ်။
ရန်ကုန်မြို့ရဲ့အကျယ်က လက်ရှိမှာ ၃၀၆ စတုရန်းမိုင်ကျယ်ဝန်းပါတယ်။၂၀၅၀ ပြည့်နှစ်မှာ လူဦးရေ ၁၃ သန်းခန့် တက်လာနိုင်ခြေရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ သရင်းတွေအရ သိရပါတယ်။
အရင်အစိုးရလက်ထက်ကတည်းကရန်ကုန်မြို့သစ်စီမံကိန်းအတွက်ကွင်းဆင်းလေ့လာပြီးစီမံကိန်းတွေ ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ဒေါက်တာလှမောင်(နာယကမေခဆောင်ဖောင်ဒေးရှင်း)မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒါရိုက်တာ အဖွဲ့ဝင်က ရန်ကုန်ကို အရင်ကတောင်ဥက္ကလာ၊မြောက်ဥက္ကလာတို့ကို မြို့သစ်တိုးချဲ့တယ်၊ပြီးခဲ့တဲ့၂၀၁၁ခုနှစ်မှာလူတွေကိုရန်ကုန်မြို့ထဲကို ပြန်ရောက်စေခဲ့တယ်၊မြို့သစ်တည်ကတည်း မြို့ကိုဖွံ့ဖြိုးအောင်လုပ်ရတာ၊မြို့ခွဲတွေကခွဲထုတ်တာမတူတာကြောင့် မြို့သစ်တွေတည်ရင်ဖွံဖြိုးအောင်လုပ်ဆောင်ပေးဖို့လိုပါတယ်လို့ ပြောပါတယ်မြို့တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေကို လုပ်ဆောင်တဲ့အခါ တစ်စတစ်စ လုပ်ရတာဖြစ်ပြီး တစ်ပြိုင်တည်းလုပ်ဆောင်လို့ မရဘူးလို့လည်းသိရပါတယ်။
ရန်ကုန်မြို့တွင်းမှာ စိမ်းလန်းဧရိယာတွေအဖြစ် အရင်တုန်းကထက် ပန်းခြံနေရာ ၆၃ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူတစ်ဦးချင်းစီအချိုးနဲ့ ၁၈ စတုရန်းပေပဲ ခံစားခွင့်ရနိုင်သေးတယ်လို့ သိရပါတယ်။
Credit: Kumudra Journal