ကမ္ဘာ့ရွှေဈေးကျနေပေမဲ့ မြန်မာ့ငွေဈေးကျတာကြောင့် ပြည်တွင်းရွှေဈေးကအမြင့်ဈေးနဲ့ပဲရှိနေနိုင်သေးတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးကတစ်အောင်စကို ဒေါ်လာ၁၃၅၀ကျော်ရှိခဲ့ရာကနေ ဒေါ်လာ၁၃၁၀ ကျော်အထိ ဈေးကျနေတာပါ။ကမ္ဘာ့
ရွှေဈေးကျနေပေမဲ့ ပြည်တွင်းရွှေဈေးကကျပ်၈၆၀,၀၀၀ ကျော်ကနေ ကျပ် ၈၇၀,၀၀၀ အထိ ဈေးမြင့်ခဲ့တာပါ။
ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ‘ဒေါ်လာဈေးတတ်ပြီး
မြန်မာ့ငွေဈေး ကျနေတော့ ပြည်တွင်းရွှေဈေးက ကျဖို့မမြင်ဘူး၊ ဈေးတန်းနေပြီး ငြိမ်နေနိုင်တယ်၊ ကမ္ဘာ့ရွှေဈေး ကျနေတယ် ဆိုပေမဲ့ ပြည်တွင်းရွှေဈေး ကတော့ ဈေးအမာမှာပဲရှိနေနိုင်
သေးတယ်၊ ဈေးကျရင်တောင် ဈေးအများကြီး ကျနိုင်ခြေမရှိဘူး’ လို့ ပြောပါတယ်။
သည်နေ့မှာ ပြည်တွင်းရွှေဈေးက ကျပ်၈၆၉,၅၀၀ကနေ နေ့
လယ်ပိုင်းမှာ ကျပ်၈၆၇,၅၀၀အဖြစ် ဈေးကျသွားတာပါ။ ကမ္ဘာ့
ရွှေဈေး ကျသွားတာကြောင့်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
Credit: Kumudra