ရန်ကုန်မြို့တွင်း ဒုတိယဗဟိုစီးပွားရေးဇုန်နေရာတွေ ထပ်မံအကောင်အထည်ဖော်ဖို့ရှိနေပြီး လက်ရှိမြေနေရာ
၅ခုလျာထားတယ်လို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနဲ့မြေယာစီမံခန့်ခွဲရေးဌာန
တာ ၀န်ရှိသူကပြောဆိုပါတယ်။
ဒုတိယဗဟိုစီးပွားရေးဇုန်နေရာတွေအဖြစ် သီလ၀ါအထူးစီးပွားရေးဇုန်နဲ့
ဆက်စပ်နေတဲ့ လူနေအိမ်ရာအနီးဝန်း ကျင်၊ ဒဂုံတောင်မြောက်လမ်း
ဆုံမြေနေရာ၊ပဲခူးမြစ်ကမ်းနဲ့ဒဂုံဆိပ်ကမ်းမြေနေရာတွေကိုလျားထားတယ်လို့သိရ ပါတယ်။ ဒါ့အပြင် လက်ရှိတည်ဆောက်နေတဲ့ မင်းဓမ္မစီးပွားရေးဇုန်နဲ့
ရန်ကင်းမြို့နယ်မြေနေရာတွေ ပါဝင်တယ် လို့လည်းသိရပါတယ်။
“ အဲဒီနေရာတွေမှာ စီးပွားရေးဗဟိုစင်တာတွေ ဘာလို့ထပ်ထားဖို့ရှိလဲဆိုတော့
အခုမြို့ထဲနေရာတွေက အတော် လေးကျပ်တည်းလာပြီး သွားလာဖို့လည်းသိပ်မလွယ်ကူတော့ မြို့တွင်းနဲ့ ၁၅ ကီလိုမီတာလောက်ဝေးတဲ့နေရာ တွေမှာ
ဖွံ့ ဖြိုးမှုပတ်လမ်းအဖြစ်ထားပြီး ဒီပတ်လမ်းပေါ်မှာရှိတဲ့နေရာတွေမှာ ဒုတိယ
ဗဟိုစီးပွားရေးဇုန်တွေအဖြစ် အကောင်အထည်ဖော်ဖို့လျားထားတာပါ”လို့
တာဝန်ရှိသူကပြောပါတယ်။
မြို့တွင်းမြေနေရာကျပ်တည်းမှု၊ ယာဉ်ကျောကျပ်းတည်းမှုနဲ့ စီးပွားရေးအဆောက်အအုံတွေ ထပ်မံတည်ဆောက် ဖို့ အခက်အခဲတွေရှိလာတဲ့အတွက်
မြို့လယ်နေရာနဲ့အလွယ်တကူ ချိပ်ဆက်ဖို့လွယ်ကူတဲ့နေရာတွေမှာ ဗဟို
စီး ပွားရေးဇုန်တွေ ထပ်မံတည်ဆောက်ရတာဖြစ်တယ်လို့ ယင်းတာဝန်ရှိသူကပြောပါတယ်။
မင်းဓမ္မစီးပွားရေးဇုန်မြေနေရာမှာ ၂၀၁၄ ခုနှစ်ကတည်းကစတင်ပြီး ပြည်တွင်း
စီးပွားရေးလုပ်ငန်းတွေကို လုပ် ကိုင်ခွင့်ချထားပေးခဲ့သလို လက်ရှိရန်ကင်းမြို့နယ်မှာလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ဂျပန်အပြည်ပြည်ဆိုင်ရာပူပေါင်း
ဆောင်ရွက်ရေးအေဂျင်စီ(jica) နဲ့ ပူးပေါင်းအကောင်အထည်
ဖော်နေတာလည်း ဖြစ်ပါတယ်။
Credit: SFJ Strategy First