နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၆ - ၂၀၁၇ သြဂုတ်လကုန်အထိ အိမ်ခြံမြေ ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၀၅ သန်းရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ် ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အိမ်ခြံမြေကဏ္ဍကို ရင်းနှီးမြှုပ်နှံမှုက အဆင့်(၅)မှာ ရှိတယ်လို့ သိရတယ် ။
စီးပွားရေးလုပ်ငန်းတွေထဲမှာ ကဏ္ဍအလိုက် အိမ်ခြံမြေကဏ္ဍကို ရင်းနှီးမြှုပ်နှံမှုက ၄.၃၈ ရာခိုင်နှုန်းရှိတယ်လို့ စာရင်းတွေအရ သိရပါတယ် ။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍကတော့ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပါတယ် ။
နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုတွေမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ၂၈ ရာခိုင်နှုန်းရှိပါတယ် ။ စင်ကာပူကတော့ ၂၁ ရာခိုင်နှုန်းရှိပြီး ထိုင်းကတော့ ၁၆ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ် ။
Credit: Kumudra Journal