ဟောင်ကောင်ဟာ ကမ္ဘာပေါ်မှာ ရုံးခန်းငှားရမ်းခဈေးအမြင့်
ဆုံးသောမြို့အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး နောက်
သုံးနှစ်ကနေ ငါးနှစ်အထိလည်း ယင်းနေရာမှာပဲ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Knight Frankက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်ကဆိုရင် ဟောင်ကောင်မှာ တစ်နှစ်တာရုံးခန်းငှားခက တစ်စတုရန်းပေကို ၂၇၈ ဒသမ ၅ ဒေါ်လာထိရောက်ရှိခဲ့တာကြောင့် နယူးယောက်က ၁၅၈ ဒေါ်လာနဲ့ တိုကျိုရဲ့၁၄၉ ဒသမ ၅ ဒေါ်လာထက် ပိုမိုဈေးမြင့်နေတာပဲဖြစ်ပါတယ်။
ယင်းစာရင်းမှာ လန်ဒန်ကလည်း ရုံးခန်းငှားရမ်းခ တစ်စတုရန်းပေတစ်ပေကို ၁၁၄ ဒေါ်လာ ရှိပြီး စတုတ္ထနေရာက ရပ်တည်ခဲ့တယ်လို့
Knight Frank ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ယင်းစာရင်းမှာ နံပါတ်ကိုးနေရာမှာ ရပ်တည်ခဲ့တဲ့ ရှန်ဟိုင်းက
လည်း ယခုနှစ်ပထမခြောက်လပတ်မှာ ရုံးခန်းငှားရမ်းမှုပိုင်း
တိုးတက်မှု ၇ ဒသမ ၆ ရာခိုင်နှုန်းနဲ့ တိုးတက်မှုနှုန်းအမြင့်
ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဟောင်ကောင်ရဲ့ ယခုလိုရုံးခန်းငှားရမ်းခ ကြီးမြင့်နေတာက ငှားရမ်းမှုပိုင်းကောင်းလွန်းနေတာကြောင့်သော်
လည်းကောင်း၊ဂရိတ်အေ အဆင့်ရှိ ရုံးခန်းတွေ ထပ်မံပေါ်ထွက်မလာတာကြောင့်
လည်းဖြစ်တယ်လို့ သိရပါတယ်။
အလားတူ တရုတ်ပြည်မကြီးက ကုမ္ပဏီတွေ လုပ်ငန်းတွေ မြို့တွင်းမှာ တိုးချဲ့လာနေတာကလည်း ဟောင်ကောင်ရဲ့ ရုံးခန်းငှားရမ်းခစရိတ်တွေကို မိုးထိအောင် မြင့်တက်သွားစေတာဖြစ်ပါတယ်။
ယင်းရဲ့အဓိကအချက်အချာစီးပွားရေးဒေသအကျယ်အ၀န်းဟာဆိုရင်တစ်ခြားမြို့တွေထက်အသေးငယ်ဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။
Credit: SFJ Strategy First Journal