သြဂုတ်လအထိ ယခုနှစ် ပထမ ၈ လတာအတွင်း တရုတ်လူနေအိမ်သစ်ရောင်းအားသည် ယခင်နှစ် ထိုကာလကထက် ကောင်းခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျရိုက စက်တင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ပထမ ၈ လတာအတွင်း အစိုးရမတည်သည့် အိမ်ရာများမှအပ တရုတ်လူနေအိမ်သစ် ၅ ဒသမ ၇ ထရီလျံယွမ် (အမေရိကန်ဒေါ်လာ ၈၆၅ ဘီလျံ) ဖိုး ရောင်းချခဲ့ရပြီး ယခင်နှစ်ထိုကာလထက် ၄၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ယခုနှစ်ပထမ ၇ လတာကမူ ယခင်နှစ်ပထမငါးလတာကထက် ၄၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ်ပထမ ၆ လတာ၏ ရောင်းအားသည်လည်း ယခင်နှစ်ပထမလေးလတာကထက် ၄၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဖြစ်ရာ ထို ၄၀ ဒသမ ၁ ရာခိုင်နှုန်းသည် အနည်းငယ်နှေးကွေးကျဆင်းသောနှုန်းဖြစ်သည်။
ဧရိယာအားဖြင့် ယခုနှစ် ပထမ ၈ လတာအတွင်း ၇၇၄ ဒသမ ၈ သန်း စတုရန်းမီတာ ရောင်းချခဲ့ရပြီး ယခင်နှစ်ထိုကာလထက် ၂၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ယခုနှစ်ပထမ ၇ လတာကမူ ယခင်နှစ်ပထမငါးလတာကထက် ၂၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ်ပထမ ၆ လတာ၏ ရောင်းအားသည်လည်း ယခင်နှစ်ပထမလေးလတာကထက် ၂၈ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဖြစ်ရာ ထို ၂၅ ဒသမ ၆ ရာခိုင်နှုန်းသည် အနည်းငယ်နှေးကွေးကျဆင်းသောနှုန်းဖြစ်သည်။
အိမ်ခြံမြေအမျိုးအစားအားလုံးတွင် ရင်းနှီးမြှုပ်နှံမှုသည်လည်း ယခုနှစ်ပထမ ၈ လတာ၌ ယခင်နှစ်ထိုကာလကထက် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမ ၇ လတာ မြင့်တက်နှုန်းထက် ၀ ဒသ ၁ ရာခိုင်နှုန်း ပိုများခဲ့သည်။ လူနေအိမ်အမျိုးအစားတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်ပထမ ၈ လတာ၌ ယခင်နှစ်ထိုကာလကထက် ၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမ ၇ လတာ ၏ မြင့်တက်နှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)