ရန်ကုန်တိုင်းအတွင်းရှိ အိမ် ခြံ မြေ အရောင်းအဝရ်ကဏ္ဍတွင် ဇုန်မြေဈေးကွက်မှာ ပုံမှန်အရေညင်းအဝယ်များထက် အနည်းငယ်ပိုမို၍ အရောင်းအဝယ်ဖြစ်ထွန်းနေသော်လည်း ဈေးနှုန်းအရမူ ယခင်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း ဝယ်ရောင်းများနှင့် အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
ဇုန်မြေကွက်တွေက အရောင်းအဝယ်တော့ အရင်ထက်သွက်လာတယ်။ဒါပေမယ့် ဈေးကတော့ ကျသွားတယ်။တစ်ရာပတ်လည်တစ်ကွက်ကို အရင်ထက်သိန်း ၆၀၀ လောက်ကျသွားတယ်။ပြောရရင် ရင်းနှီးမြုပ်နှံထားသူတွေကတော့ နည်းနည်းရှုံးကြတာပေါ့။ဘာဘဲဖြစ်ဖြစ် ဈေးကွက်အရတော့ ဦးပြန်မော့လာတယ်လို့ပဲပြောရမှာပေါ့။ဇုန် မြေတွေလိုဘဲ တစ်ခြားဈေးကွက်တွေလည်း ပြန်လည်ပတ်လာရင် ပိုအဆင်ပြေမယ်။ဖြးတော့ ဖြစ်လာမှာပါ""ဟု အောင်စည်ဟိန်း အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။
လက်ရှိ ဇုန်မြေဈေးကွက် ပေါက်ဈေးများမှာ ပျမ်းမျှနှုန်းထားအရ တစ် ဧက လျှင် သိန်း တစ်ထောင်ကျော်မှ သိန်းပေါင်းသောင်းချီ သည်အထိ ဈေးကွက်ဖြစ်ထွန်းနေကြောင်းသိရှိရသည်။
ဈေးနှုန်းအရကတော့ အမှန်တကယ်လည်ပတ်သက်ဝင်နေတဲ့ ဇုန်မြေတွေဟာ ဈေးပိုရနေတာဖြစ်ပြီး ရေ မီး အဆင်သင့်မဖြစ်သေးဘဲ လည်ပတ်ဖို့ အားယူနေရဆဲဖြစ်တဲ့ နေရာတွေကတော့ သိန်း ထောင်ဂဏန်း ပတ်လည်နဲသာ အရောင်းအဝယ်ဖြစ်နေတယ်။""ဟု အိမ် ကခံ အြေ အကျိုးဆောင်တစ်ဦးမှ ဆိုသည်။
လတ်တလောတွင် လည်ပတ်ရန် အဆင်သ င့်ဖြစ်နေသောတောင်ဒဂုံ စက်မှုဇုန် ၊ လှိုင်သာယာ မြို့နယ်မှ ရွှေလင်ဗန်းစက်မှုဇုန် များ၏ ဈေးနှုန်းမှာ တစ် ဧကလျှင် သိန်း ၃၀၀၀ ၊ ၅၀၀၀ ၊ ၇၀၀၀ နှင့် ၈၀၀၀ အကြားရှိနေကြောင်းစုံစမ်းသိရသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com