ရန်ကုန်တွင် အဌားအိမ်ရာ အရေအတွက် အမြောက် အမြားတည်ဆောက်ရန်အတွက် အစိုးရမှ အမြတ်ရရှိရန် နှေးကွေးသောကြောင့် အခက်အခဲ
ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ
တီမှ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်ကပြောသည်။
"အငှားအိမ်ရာက အမြတ်ရနှေးတဲ့အတွက် ဒါကို အစိုးရက (အိပ်စိုက်) ရင်းနှီးမြှုပ်နှံပြီး ဆောက်ပေးဖို့ ဆိုတာလဲ အတော်ကိုခက်ခဲသေးတဲ့ ကိစ္စပါ " ဟု ဦးတိုးအောင်ကဆိုသည်။
ရန်ကုန်တွင် အိမ်ဈေးမြေဈေးများ ကြီးမြင့်နေခြင်းကို အစိုးရတွင်ဖြေရှင်းပေးနိင်မည့် နည်းလမ်းမှာလည်း အဌား အိမ်ရာသာဖြစ်သောကြောင့် အစိုးရအနေဖြင့် အရေအတွက် အမြောက်အမြား လုပ်ဆောင်ပေးရန် အခက်အခဲရှိကြောင်း ဦးတိုးအောင်ကပြောသည်။
ထို့ကြောင့် လူလတ်တန်းစာများ အနေဖြင့် ၀ယ်ယူနေထိုင်နိုင်ရန်အတွက် ဘဏ်ချေးငွေ အရစ်ကျစနစ်ဖြင့် အစိုးရမှ ရောင်းချသည့် အိမ်ရာစီမံကိန်းများကို ၀ယ်ယူနိုင်ရန် စီမံပေးသင့်ကြောင်း ၄င်းကဆိုသည်။
နှစ်စဉ်တိုးပွားလာသော ရန်ကုန်မြို့၏ လူဦးရေနှင့် ရွေ့ပြောင်း အခြေချ နေထိုင်လာသူ များပြားခြင်းကလည်း ရန်ကုန်တွင် နေစရာရှားပါးလာပြီး နေထိုင်စရိတ်ကြီးမြင့်
လာခြင်းဖြစ်သောကြောင့် အစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်လိုအပ်ကြောင်း မြို့ပြ
ပညာရှင်များ ကတိုက်တွန်းသည်။
နေးရှင်းမြန်မာ မှေ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com