ရန်ကုန်တွင် အိမ်ရာစုစုပေါင်း၏ ၇၅ရာခိုင်နှုန်းမှာ အခိုင်အမာတည်ဆောက်ထားသော အိမ်ရာများဖြစ်ပြီး ကျန်သည့် ၂၅ရာခိုင်နှုန်းမှာ ခိုင်မာမှုအားနည်းသည့် တဲအိမ်အမျိုးအစားများဖြစ်ကြောင်း မြို့ရွှာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးသက်နိုင်ကပြောသည်။
အဆိုပါစစ်တမ်းမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ကောက်ခံခဲ့သော သန်းခေါင်စာရင်းကို ကြည့်၍ ပြောဆိုခြင်းဖြစ်သည်ဟု ဦးသက်နိုင်ကဆိုသည်။
အထူးသဖြင့် အတည်တကျ နေထိုင်ခြင်းမရှိဘဲ ကျူးကျော်နေထိုင်သူ ပမာဏမှာ နှစ်စဉ် တိုးပွားလျှက်ရှိပြီး ရန်ကုန် တွင် ကျူးကျော်နေထိုင်သူ အရေအတွက်မှာ ၄သိန်းမှာ ၆သိန်းဝန်းကျင်တွင်ရှိသည်ဟု ဦးသက်နိုင်ကဆိုသည်။
ရန်ကုန်တွင် အခြေချနေထိုင်သည့် လူဦးရေအရ အိမ်ဌားရမ်းပြီး နေထိုင်ရမှုမှာ ၃၅ရာခိုင်နှုန်းရှိပြီး အိမ်ပိုင်နေထိုင်နိုင်သည့် လူဦးရေမှာ ၆၅ရာခိုင်နှုန်း ရှိကြောင်း၎င်းကဆိုသည်။
ထို့ကြောင့်ရန်ကုန်တွင်တိုးပွားလာသောလူဦးရေနှင့်
ရွှေ့ပြောင်းအခြေချနေထိုင်
သူများအတွက် အိမ်ယာစီမံကိန်းများ
အလျှင် အမြန်တည်ဆောက်ပေးရန် အစိုးရအနေဖြင့်စီမံနေကြောင်းသိရသည်။
ရန်ကုန်တွင် ၂နှစ်အတွင်း အိမ်ခန်းပေါင်း ၈၀၀၀ကျော်ကိုတည်ဆောက်ပေးရန် လျာထားပြီး သိန်း ၁၀၀၀န်းကျင်ဖြင့်ရောင်းချရန် ဆောက်လုပ်ရေးဝန်ကြီးဌာနကရည်ရွယ်ထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com