ရန်ကုန်တွင် အခြေချနေထိုင်သူ ၃၅ ရာခိုင်နှုန်း အိမ်မပိုင်ဟုဆို

ရန်ကုန်တွင် အခြေချနေထိုင်သူ ၃၅ ရာခိုင်နှုန်း အိမ်မပိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
19 Sep 2016 10:11 am တွင် တင်ခဲ့သည်
1396 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် အခြေချ နေထိုင်သည့် လူဦးရေအရ အိမ် ငှားရမ်းနေထိုင်မှုမှာ ၃၅ ရာခိုင် နှုန်းရှိပြီး အိမ်ပိုင်နေထိုင်သည့် လူ ဦးရေမှာ ၆၅ ရာခိုင်နှုန်းရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက် နိုင်က ပြောသည်။

အဆိုပါစာရင်းမှာ ၂၀၁၄ က ကောက်ယူသော သန်းခေါင် စာရင်းကို အခြေခံ၍ စစ်တမ်းလုပ် ထားခြင်းဖြစ်ကြောင်း ဦးသက်နိုင် က ဆိုသည်။

ထို့ကြောင့် နှစ်စဉ် တိုးပွား လာသော လူဦးရေနှင့် နယ်မှ ရွှေ့ ပြောင်းအခြေချနေထိုင်သူတို့ ကြောင့် နှစ်စဉ်လူဦးရေ တိုးပွား သဖြင့် ရန်ကုန်မြို့တွင် တန်ဖိုး နည်းအိမ်ရာများ၊အငှားအိမ်ရာများအမြောက်အမြား ဖော်ထုတ် ပေးရန်လိုအပ်ကြောင်း ၎င်းက ဆို သည်။

ရန်ကုန်မြို့တွင် အိမ်ရာစုစု ပေါင်း၏ ၇၅ ရာခိုင်နှုန်းမှာ အခိုင် အမာ တည်ဆောက်ထားသော အိမ်ရာများဖြစ်ပြီး ကျန် ၂၅ရာခိုင် နှုန်းမှာ ခိုင်မာမှုအားနည်းသည့် တဲ အိမ်အမျိုးအစားများဖြစ်ကြောင်း ရန်ကုန်၏ အိမ်ရာတည်ဆောက် ထားမှု အခြေအနေကို ဦးသက်နိုင်က ဆိုသည်။

‘‘ရန်ကုန်မြို့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းက လစာသုံးသိန်း အောက်ပဲရတဲ့အတွက် ရန်ကုန် မြို့နေ လူအများစုက အိမ်ပိုင်ဆိုင် ဖို့၊ အခန်းပိုင်ဆိုင်ဖို့ ခက်ခဲကြပါ တယ်။ ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက် မှုတွေအရတော့ လူတစ်ယောက် က (မြန်မာငွေနဲ့ တွက်မယ်ဆို) လစာသုံးသိန်းခန့်ရမယ်ဆို ကိုယ် ပိုင်အိမ် ဒါမှမဟုတ် ကိုယ်ပိုင်တိုက်ခန်းပိုင်ဆိုင်နိုင်တဲ့အခြေအ နေရှိတယ်လို့ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေအရရော ဖွံ့ဖြိုးမှုအနေအထားအရပါ ရန်ကုန်မြို့မှာ လစာ သုံးသိန်း လောက်ရရုံနဲ့ အိမ်ပိုင်၊ အခန်းပိုင် မဖြစ်ကြသေးပါဘူး’’ဟုရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော် မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုး အောင်က ပြောသည်။

ရန်ကုန်မြို့တွင် နှစ်စဉ်အိမ်ပိုင်ဝယ်ယူနိုင်သူအရေအတွက်ထက်အိမ်ငှားနေထိုင်သူ အရေအတွက် များပြားနေပြီး အမှန်တကယ်တန်ဖိုးမြင့်အိမ်ရာများ ၀ယ်ယူနေထိုင်နိုင်မှုမှာ အိမ်ထောင်စုသောင်းဂဏန်းခန့်သာရှိသည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားဖူးသည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

Expo Singapore
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service