အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းရေးဆွဲနေ

အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းရေးဆွဲနေ - Property News in Myanmar from iMyanmarHouse.com
15 Sep 2016 10:44 am တွင် တင်ခဲ့သည်
1021 ကြိမ် ကြည့်ရှု့ပြီး
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
ရေးကော်မရှင်က အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်
လိုအပ်သည့်အချက်ကို လက်ခံသဖြင့် ဥပဒေမူကြမ်းကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း (ဗဟို)က ဩဂုတ် ၃၀ ရက်တွင်
အဆိုပါကော်မရှင်ထံသို့ အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေတစ်ခု
ပြုသင့်ကြောင်းနှင့် ဥပဒေမူကြမ်းကို တင်ပြခဲ့ရာ ကော်မရှင်က သက်ဆိုင်ရာ
ဝန်ကြီးဌာနများနှင့် သုံးသပ်ခဲ့ပြီး ဥပဒေ ကြမ်းရေးဆွဲရန် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု
သိရသည်။

"ကျွန်တော်တို့အသင်းက အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့
လိုအပ်တယ်လို့ တင်ပြခဲ့တဲ့အပေါ် ကော်မရှင်က ထောက်ခံလိုက်ပါတယ်။ အဲဒါကြောင့်
ပြည်ထောင်စုလွှတ်တော်က နေ ဗဟိုပြုပြီးတော့ ပထမဦးဆုံးအနေနဲ့ ဥပဒေကြမ်း
ပူးပေါင်းကော်မတီကို ဖွဲ့စည်းသွားပါမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဥပဒေဦးစီးဌာန၊
ရှေ့နေချုပ်ရုံး၊ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းများ၊ ကျွမ်းကျင်ပညာ ရှင်၊ ဆွေးနွေးမယ် ဥပဒေကြမ်းကို ပြုစုမယ်။ ပြည်ထောင်စုလွှတ်တော်ကို တင်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက
ဥပဒေ ဖြစ်အောင် ကြိုးစားပေးမယ်"ဟု မြန်မာ နိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းဥက္ကဋ္ဌ
ဦးခင်မောင်သန်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယခုဥပဒေ လိုအပ်ခြင်းသည် အိမ်ခြံမြေ ၀န်ဆောင်မှုနှင့် ပတ်သက်သည့် လုပ်ငန်း
ဆိုင်ရာများတွင် နည်းစနစ်ကျပြီး ကျွမ်း ကျင်သူများ ပေါ်ပေါက်စေရန်နှင့်၊ အိမ်ခြံမြေ
အကျိုးဆောင်များနှင့် အလုပ်အပ်နှံသူများ ကြားတွင် ပြဿနာများ ဖြစ်ပေါ်လာပါက
မူဘောင်တစ်ခုဖြင့် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက
ပြောသည်။

"အာဆီယံနိုင်ငံတွေကို ကြည့်လိုက်တဲ့အခါမှာလည်း ဖိလစ်ပိုင်မှာ Real Estate
Services Act Law ရှိတယ်။ နောက်စင်ကာပူမှာလည်း Estate Agent Act Law ရှိတယ်။
အိမ်ခြံမြေ၀န်ဆောင်မှုဥပဒေကို ပြဋ္ဌာန်းပြီး ၀န်ဆောင်မှုပေးတဲ့သူတွေဟာ ပရော်ဖက်ရှင်နယ်
အဖြစ် ခံယူပြီးတော့ ၀င့်ဝင့်ကြွားကြွားနဲ့ လိုင်စင်တွေ ကိုင်ဆောင် ပြီး လုပ်ကိုင်နေကြတယ်။
ဒီမှာလည်း မူဘောင်တစ်ခုနဲ့ စနစ်တကျ လုပ်ကိုင်သွား မှသာလျှင် လုပ်ငန်းတွေ အောင်မြင်မှာပါ" ဟု
ဦးခင်မောင်သန်းက ပြောသည်။

မြန်မာနိုင်ငံတွင် အဆိုပါဥပဒေ ရှိလာ ပါက အိမ်ခြံမြေများကို ၀ယ်ယူ၊ ရောင်းချ လျက်ရှိသည့်
အများပြည်သူများပင် အကျိုး ရှိနိုင်မည်ဖြစ်ပြီး ရောင်းသူ၊ ၀ယ်သူနှင့် ငှားရမ်းသူများအတွက်
မှန်ကန်ခိုင်မာသည့် ၀န်ဆောင်မှုများ ရရှိနိုင်မည် ဖြစ်ကြောင်း အိမ်ခြံမြေ၀န်ဆောင်မှုအသင်း၏
ဦးခင်မောင်သန်းက ပြောသည်။

"အဓိကအားဖြင့် အိမ်ခြံမြေနဲ့ မကင်းတဲ့ ပြည်သူ၊ ပြည်သားအားလုံး ရောင်းမှား၊ ၀ယ်မှား
ဖြစ်စရာမရှိဘူး။ ရောင်းသူ၊ ၀ယ်သူ၊ ငှားရမ်းသူကို ၀န်ဆောင်မှုပေးတဲ့အခါမှာလည်း
မှားယွင်းမှုမရှိအောင် အခုလို သတ်သတ်မှတ်မှတ် စည်းနဲ့ကမ်းနဲ့ လုပ်ဆောင်ကြတဲ့အတွက်ကြောင့်မို့ ဈေးနှုန်းဖောင်းပွတာတွေ၊ ဈေးနှုန်းအတက်အကျ
ကြမ်းသွားတာတွေ နည်းသွားမယ်။ အိမ်ခြံမြေအရောင်းအငှားကို ကြုံတဲ့လူက ပွဲစားဝင်
လုပ်နေတာ။ စနစ်ကျတာမရှိဘူး။ အရည်အချင်းပြည့်ဝတဲ့ ၀န်ဆောင်မှုပေးလာခဲ့ရင်
အမှားအယွင်း နည်းသွားမယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိမ်ခြံမြေနှင့် သက်ဆိုင် သည့် ဥပဒေရပ်များသည် မရွှေ့ပြောင်းနိုင်သော
ပစ္စည်းလွှဲပြောင်းဥပဒေ၊ အိမ်ရှင် အိမ်ငှားဥပဒေ၊ ကွန်ဒိုမီနီယံဥပဒေ စသည့် ဥပဒေများသာ
ရှိပြီး အိမ်ခြံမြေ၀န်ဆောင်မှုနှင့် ပတ်သက်သည့်ဥပဒေမှာ မရှိသေးသည့်အတွက်
လိုအပ်နေခြင်းကြောင့် ကော်မရှင် မှ ထောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ဦးသန်းဦးက
ပြောသည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်က ဥပဒေ
ရှိသင့်ကြောင်း အတည်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင် မှု
အသင်းက ဥပဒေကြမ်းကို ဆက်လက် ရေးဆွဲသွားမည့်အပေါ်တွင် အခြားအိမ်ခြံ မြေ
ဝန်ဆောင်မှုအသင်းဖြစ်သည့် ရန်ကုန် တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဘက်မှလည်း အားလုံးပါဝင်ရေးအတွက် ပြောဆိုသည်များရှိသည်။. "သူတို့အသင်းတစ်ခုတည်းနဲ့
ဆွဲလို့မရ ပါဘူး။ ကော်မရှင်ကို သွားတွေ့တုန်းက ကျွန်တော်တို့အသင်းလည်း ပါပါတယ်။
မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စား လှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းလည်း
ပါတယ်။ ကော်မရှင်က ပြောလိုက်ပါတယ်။ တကယ် ဥပဒေရေးမယ်ဆို တရားဝင်
လိုင်စင်ရထားတဲ့ အသင်းသုံးသင်းတင် မကဘဲ တစ်သီးပုဂ္ဂလ အိမ်ခြံမြေလုပ်နေတဲ့
သူတွေလည်း ပါရမယ်။ အကုန်လုံးပါဝင် ဆွေးနွေးတင်ပြပြီးမှ ဥပဒေမူကြမ်းထွက်ပြီးမှ
ဥပဒေဖြစ်လာမှာပါ။ အခုက ဥပဒေရှိသင့်တယ်ဆိုတာကို လက်ခံလိုက်တဲ့ အဆင့်ပဲရှိပါသေးတယ်" ဟု
ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း(ဗဟို)က ၎င်းတို့အနေဖြင့် ကော်မရှင်ထံ
ဥပဒေမူကြမ်းတစ်ခုကို တင်ပြခဲ့ပြီး ဆွေးနွေးအကြုံပြုခဲ့ရာမှ ကော်မရှင်က ထောက်ခံ
လိုက်ခြင်းကြောင့် ဥပဒေအဖြစ် ပေါ်ပေါက်ရန် ဆက်လက်ဆောင်ရွက်သွားမည့်
အပေါ် နားလည်သဘောပေါက်မှု လွဲမှားမှုများလည်းရှိကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေ၀န်ဆောင်မှုအသင်း၏ တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်အေးမူက ပြောသည်။

"ကျွန်မတို့အသင်း တင်ပြတာက ဒီလောကမှာဖြစ်နေတဲ့ အတွေ့အကြုံတွေနဲ့ လိုအပ်နေတဲ့
ဥပဒေနဲ့ကို ညှိနှိုင်းပြီး ကော် မရှင်ကို တင်ပြကတည်းက ဥပဒေကြမ်းဆိုပြီး တင်ပြတာပါ။
ကျွန်မတို့အသင်းက ဒီဥပဒေကိုပြဋ္ဌာန်းဖို့ အာဏာ ကျွန်မတို့ လက်ထဲမှာ ရှိနေတာမဟုတ်ပါဘူး။
သူတို့က ပုဂ္ဂလိကဆန်တဲ့ အတွေးအခေါ်တွေနဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းက ဒီဥပဒေကို
ပြဋ္ဌာန်းလိုက်ရင် သူတို့တွေ အခွင့်မရ တော့ဘူးဆိုပြီး နားလည်မှုလွှဲမှားနေတာပါ" ဟု
၎င်းက ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service