နည်းပညာအခက်အခဲကြောင့် ကျူးကျော်နေထိုင်သူ စာရင်းကောက်ယူမှုကိုခေတ္တရပ်ဆဲထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ရုံးတာဝန်ရှိသူ
တွေထံက သိရပါတယ်။
နယ်ပယ်စုံပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူကိုယ်စားပြုအသင်းတွေက အဖွဲ့ဝင် တွေပါဝင်တဲ့စာရင်းကောက်ခံရေးအဖွဲ့အနေဖြင့် အခုလ ၂ ရက်နေ့ကစတင်ပြီးဒဂုံမြို့သစ်တောင်းပိုင်းရှိ ရပ်ကွက်တွေမှာ ကျူး ကျော်စာရင်းကောက်ခံမှုတွေ
ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ထိုကဲ့သို့စာရင်းကောက်ခံရမှာကွန်ပျူတာဖြင့်
အချက်အလက်ရေးသွင်းရာမှာ
အချိန်ကျန့်ကြာမှုတွေရှိနေခြင်း စာရင်းပေးသွင်းဦး ရေတိုးပွားခြင်း၊
အချိန်ကိုက်ပေါ်လာတဲ့ အကြံသမားတွေလည်းရှိနေတာကြောင့်
ပိုမိုတိကျသေချာတဲ့ စာရင်းကောက်ယူမှုတွေပြု လုပ်နိုင်ဖို့ တိုင်းအစိုးရအဖွဲ့ကစာရင်းကောက်ယူမှုခေတ္တရပ်နားထား
တာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ထံ
က သိရပါတယ်။
တိုင်းအစိုးရအဖွဲ့အနေနဲ့ မြို့တွင်းကနေစရာအခက်အခဲရှိတဲ့ ကျူးကျော်နေထိုင်သူတွေရဲ့ စာရင်းအတိအကျကောက်ခံပြီး မြို့ပြ စီမံကိန်းအသွင်ဖြင့် အကောင်
အထည်ဖော်ကာကျူးကျော်ပြဿသာနာကို ဖြေရှင်းနိုင်ဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။
လက်ရှိကျူးကျော်စာရင်းကောက်ခံရမှာ နေစရာမရှိကျူး၊ အခြင်းခြင်းပြန်လည်
ဌားရမ်းထားသူ၊ စီးပွားဖြစ်ကျူးကျော်သူ၊ မင်းမဲ့စ ရိုက်ကျူးကျော်ထားသူနဲ့
အသိအမှတ်ပြုကျူးကျော်နေထိုင်သူဟူ၍ အမျိုးအစားခွဲပြီးစာရင်းကောက်
ခံတာဖြစ်ပြီး ထိုကဲ့သို့စာရင်း ကောက်ခံမှုကို အနှောက်အယှက်ပြုသူတွေကို
အရေးယူဖို့ကိုလည်း တိုင်းဝန်ကြီးချုပ်က သတိပေးပြောဆိုထားပါတယ်။
ရန်ကုန်ကျူးကျော်ပြဿသာနာကိုပြေလည်စေဖို့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်
အလုပ်ကိုင်အခွင့်အလမ်းပေါ်ပေါက်နိုင်တဲ့ စီး ပွားရေးဇုန်တွေ စက်မှုဇုန်တွေ ခွဲဝေတည်ထောင်ဖို့ မြို့ပြပညာရှင်တွေက အကြံပြုထားပြီး အလျင်အမြန်
အကောင်အထည်ဖော်ဖို့ ကိုလည်း တိုက်တွန်းထားတယ်
လို့ သိရပါတယ်။
လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ကျူးကျော်အိမ်ထောင်စုပေါင်း
တစ်သိန်းခြောက်သောင်းအထက်မှာရှိနေတယ်လို့ တိုင်းအစိုးရ အဖွဲ့နဲ့စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေရဲ့ပြောဆိုမှုအရသိရပါတယ်။
Credit: SFJ Strategy First