ရွှေပြည်သာစက်မှုဇုန်အတွင်းက စက်မှုလုပ်သားအိမ်ရာများမှာ လူနေထိုင်
ခွင့်ပေးတော့မယ်လို့ စက်မှုဇုန်စီမံခန့် ခွဲရေးကော်မတီတာဝန်ရှိသူတစ်ဦး
ကပြောပါတယ်။
အိမ်ရာတည်ဆောက်မှုလုပ်ငန်းများ အပြည်အ၀ပြီးစီးနေပေမယ့် ရေ၊
လျှပ်စစ်မီးစတဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ လိုအပ်ချက်တစ်ခုရှိနေတာကြောင့် နေအိမ်များအဆင့်
သင့်ဖြစ်နေပေမယ့် လူနေထိုင်ခွင့်ကြာမြင့်နေ
တာဖြစ်ပါတယ်။
“ အခုရေတို့၊လျှပ်စစ်မီးတွေကို အပြီးသတ်ဖို့လုပ်နေတာမို့ အောက်တိုဘာ
လကုန်လောက်မှာ နေထိုင်ခွင့်ပေး တောမှာပါ၊ ကျန်တာတွေကတော့အားလုံးပြီးနေတာကြာပါပြီ ”လို့ ယင်းတာဝန်ရှိသူကပြောပါတယ်။
ယင်းစက်မှုလုပ်သားအိမ်ရာစီမံကိန်းကို ၂၀၁၅ ခုနှစ်လောက်ကတည်းစတင်တည်ဆောက်ခဲ့ပြီး စက်မှုဇုန်
အ တွင်းက လုပ်သားတွေအတွက်
ဇုန်ကော်မတီ၊အစိုးရနှင့် လုပ်ငန်းရှင်တွေ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါ တယ်။
မြေဧရိယာ ၁ ဒသမ ၇၈ ဧကပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး
၁၈ ပေပတ်လည်အခန်းတွေဖြစ်ပါတယ်။ တစ်ထပ်မှာ
အခန်း ၁၂ ခန်းပါရှိတဲ့
၅ ထပ်အဆောက်အအုံ ၈ လုံးဖြစ်ပါတယ်။
Credit: SFJ Strategy First