အာဆီယံအိမ်ခြံမြေအဟာမိတ်အဖွဲ့ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ နက်ဝပ်ခ်ချဲ့ထားပြီး နိုင်ငံတကာနည်းတူ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ အိမ်ခြံမြေပညာများ ဒီပလိုမာ ၊ ကောလိပ်တွေလုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ် ။
နိုင်ငံတကာနည်းတူ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ အိမ်ခြံမြေပညာများ ဒီပလိုမာ ၊ ကောလိပ်တွေ ဖွင့်လှစ်နိုင်ဖို့ စင်ကာပူနိုင်ငံ Real Centre Academy (Asia) (RCA) ကကူညီဆောင်ရွက်ပေးဖို့ ရှိတယ်လို့ သိရပါတယ် ။ ပြီးခဲ့တဲ့မေလပိုင်းမှာလည်း Asia Pacific Investment Referral Programme (APIRP) Seminar နဲ့ Council of Estate Agent ကို မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MR-ESA) က တာဝန်ရှိသူတွေက ငါးရက်ကြာတက်ရောက်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ် ။
MRESA ပြန်ကြားရေးနှင့်ဆက်သွယ်ရေးကော်မတီက အာဆီယံနိုင်ငံများကြား အိမ်ခြံမြေလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်လုပ်ကိုင်နိုင်ရေး အဟာမိတ်ဖွဲ့ထားတဲ့ ချိတ်ဆက်မှုပဲဖြစ်ပါတယ် ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းအနေနဲ့ အာဆီယံအဖွဲ့ဝင်ရောက်နိုင်ရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားတယ် ၊ ဥပဒေတွေလည်း ပြဌာန်းနိုင်ဖို့ တာဝန်ရှိသူတွေက ကြိုးစားဆောင်ရွက်နေပါတယ် ၊ အိမ်ခြံမြေကို ပရော်ဖက်ရှင်နယ် လုပ်ကိုင်နိုင်ရေး လုပ်ငန်းလိုင်စင်နဲ့ လူပုဂ္ဂိုလ်လိုင်စင်တွေ ရရှိရေးလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ် ။
စက်တင်ဘာ ၉ ရက်နေ့မှာ နေပြည်တော် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကြီးနဲ့ ဥပဒေပညာရှင်တွေ ရေးဆွဲထားတဲ့ ‘အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်း’ ကို တင်သွင်းထားပြီး ဖြစ်တယ် ။
ပြည်သူ့လွှတ်တော်ကို ဆက်လက်တင်ပြပြီး အိမ်ခြံမြေဝန်ဆောင်မှုဥပဒေထွက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အကျိုးဆောင်တွေအနေနဲ့ ဘာတွေပြင်ဆင်ထားပြီးကြပြီလဲ ။ ဘာသာစကားဘယ်နှမျိုးလောက် တတ်ထားကြပြီလဲ ။ စနစ်တကျ ထိန်းသိမ်းထားတဲ့ အိမ်ခြံမြေဒေတာ အချက်အလက်တွေရှိကြပြီလား ။ Customer ကို GPS နဲ့ပြလို့ရပြီလား ။ ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာ ဘာတွေတင်ထားပြီးကြပြီလဲ ။
အသင်းကြီးဝက်ဘ်ဆိုက်နဲ့ရော ချိတ်ဆက်ထားကြပြီးပြီလား ။ ရောင်းခြင်း ၊ ဝယ်ခြင်းလုပ်ငန်းတွေ ကျွမ်းကျင် နေကြပြီလား စတဲ့ အချက်တွေကို ပြုလုပ်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ် ။
Credit: The Kumudra