ရွှေဆိုင်တွေဘက်က ပေးဆောင်ရမယ့် ကုန်သွယ်လုပ်ငန်းခွန်ကိစ္စ အစိုးရနဲ့ ညှိ့နှိုင်းအဆင့်မှာသာ ရှိသေးတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းများအသင်းက သိရပါတယ်။အသင်းနဲ့ နိုင်ငံတော်ဘက်က သူတွေနဲ့ ညှိ့နှိုင်းနေဆဲပါ၊ဖြစ်နိုင်တဲ့အကျိုးကြောင်းတွေပေါ့၊ လက်တွေ့ကျအောင် ညှိ့နှိုင်းနေပါတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်း အထွေထွေအတွင်းရေးမှုး၊ဦးထုံရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်းကဆိုပါတယ်။
ရွှေကိုအခွန်ကောက်ခံတဲ့ အခါမှာ အခြားကုန်စည်တွေနဲ့ မတူညီဘဲ ပြန်လည်အသုံးပြုလို့ ရတာကြောင့် အထူးကုန်စည်ခွန် အဖြစ်နဲ့သာ ကောက်ခံသင့်တယ်လို့ သိရပါတယ်။သဘာဝမတူညီတဲ့ ကုန်ပစ္စည်းကို ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံ တာက ဈေးကွက်မှာ အခက်အခဲဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရွှေဆိုင်တွေဘက်က ပေးဆောင်ရမယ့် အခွန်ကိုညှိ့နှိုင်းမှုတွေ ပြုလုပ်နေပြီး အခွန်နှုန်းထားကို လျှော့ချပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
အခွန်ကိစ္စတွေကြောင့် ရွှေဈေးကွက်မှာလည်း အရောင်းအ၀ယ်တွေအေးစက်နေပါတယ်။ရွှေဆိုင်တွေအနေနဲ့သီးသန့်ဝင်ငွေခွန်လည်း ပေးဆောင်နေရပြီ၊ကုန်သွယ်ခွန်ကိုလည်းထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်။ရွှေဈေးအတက်၊အခွန်အခက်နဲ့ ရွှေဆိုင်တွေအခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
ရွှေကို နိုင်ငံခြားတင်ပို့ဖို့ စီစဉ်နေပြီး ကန့်သက်ကုန်စည်အဖြစ်ကနေ ပယ်ဖျက်ဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Credit : The Kumudra