မန္တလေးတွင် အများပိုင်မြေနေရာများ လက်ခံရယူခဲ့သော ပုဂ္ဂလိကလုပ်ငန်းရှင်များကို စစ်ဆေးမည်

မန္တလေးတွင် အများပိုင်မြေနေရာများ လက်ခံရယူခဲ့သော ပုဂ္ဂလိကလုပ်ငန်းရှင်များကို စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
13 Sep 2016 9:34 am တွင် တင်ခဲ့သည်
1296 ကြိမ် ကြည့်ရှု့ပြီး
အစိုးရအကူးအပြောင်း ကာလတွင် မန္တလေးတိုင်းဒေသကြီးတွင် အများပြည်သူနှင့် သက်ဆိုင်သော မြေနေရာများကို ပုဂ္ဂလိကသို့ လွှဲပြောင်းချထားရာတွင် ဥပဒေ နှင့် ညီညွတ်မှုရှိ၊ မရှိ ပြန်လည်စိ စစ်လျက်ရှိရာ မြေကွက်များရယူခဲ့ သည့် လုပ်ငန်းရှင်များကိုပါ ခေါ် ယူစစ်ဆေးမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

‘‘ကျွန်တော်တို့ မြေကွက်တွေ ရရှိခဲ့တဲ့ လုပ်ငန်းရှင်တွေကို တရား ၀င်ဆင့်စာနဲ့ ခေါ်ယူပြီး စစ်ဆေးဖို့ ရှိပါတယ်။ စစ်ဆေးပြီးတဲ့အချိန်မှာ တိုင်းအစိုးရအဖွဲ့ကို တင်ပြမှာဖြစ် ပါတယ်’’ဟုအစိုးရအကူးအ ပြောင်းကာလအတွင်း မြေယာ များ ပုဂ္ဂလိကသို့ လွှဲပြောင်းချထား မှုဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ ပြန် လည်စိစစ်ရေးကော်မတီမှ ကော် မတီဝင် ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်မိုးက ပြောသည်။

ယခုအခါ မန္တလေးခရိုင် စည် ပင်သာယာပိုင်နှင့် အများပြည်သူ ပိုင်မြေနေရာများ ပုဂ္ဂလိကသို့ လွှဲ ပြောင်းချထားပေးခဲ့မှု အခြေအနေ များနှင့် မြေယာလွှဲပြောင်းပေးခဲ့ပြီး နောက်
စည်ပင်သာယာမှ ဂရန် ထုတ်ပေးခဲ့သည့် မြေယာအမှုတွဲ များကို ပြန်လည်စိစစ်နေပြီး မန္တလေးခရိုင်တွင် စိစစ်ပြီးစီးပါက အခြားခရိုင်နှင့် မြို့နယ်များအလိုက် ဆက်လက်စိစစ်မည်ဟု ဦးမြင့်အောင်မိုးက ပြောသည်။

စိစစ်မှုအရ မန္တလေးခရိုင်အ တွင်း စည်ပင်သာယာနှင့် အများ ပြည်သူပိုင်မြေဧက ၄၀၀ ခန့်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲ ပြောင်းချထားပေးခဲ့သည်
ကို စိစစ် တွေ့ရှိရပြီး လုပ်ငန်းရှင်တစ်ဦး တည်းအား မြေ ခုနစ်ဧကအထိ လွှဲ ပြောင်းချထားပေးခဲ့သည့် ဖြစ်စဉ် များကို စိစစ်တွေ့ရှိရသည်ဟု ဆို သည်။

မြေကွက်များအား ပုဂ္ဂလိက သို့ လွှဲပြောင်းချထားပေးခဲ့ရာတွင် လုပ်ငန်းရှင်များကို ချထားပေးခဲ့ ခြင်းများ တွေ့ရှိရသလို ပါတီအဖွဲ့ အစည်းနှင့် ၀န်ထမ်းများအတွက် မြေကွက်များချထားပေးခဲ့သည်ကို လည်း စိစစ်တွေ့ရှိရသည်ဟု ၎င်း က ဆိုသည်။

မြေကွက်ချထားပေးရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း
များနှင့် အညီဖြစ်လျှင် စည်ပင်သာယာမှ ဆက်လက်ဂရန်ထုတ်ပေးမည်ဖြစ် ပြီး ဥပဒေနှင့်မညီ၊ အများပြည်သူ အတွက် အကျိုးမရှိဘဲ တစ်ဦးတစ် ယောက်ကောင်းစားရေးအတွက် ရည်ရွယ်ချထားပေးခဲ့ခြင်းမျိုးဖြစ်လျှင် မြေကွက်များကို ပြန်
လည် သိမ်းယူနိုင်ရန် လုပ်ဆောင်မည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်က ပြော ကြားထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service