အထပ်မြင့် ၅၅ လုံးကို စီမံကိန်းမစတင်မီ ပြန်ပြင်ရမည့် အချက်ကို စည်ပင်အသိပေး

အထပ်မြင့် ၅၅ လုံးကို စီမံကိန်းမစတင်မီ ပြန်ပြင်ရမည့် အချက်ကို စည်ပင်အသိပေး - Property News in Myanmar from iMyanmarHouse.com
12 Sep 2016 9:48 am တွင် တင်ခဲ့သည်
1088 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် မြေပြင် လုပ်ငန်းများသာ စတင်ရသေး သော အထပ်မြင့် ၅၅ လုံးစီမံကိန်း ၌ ပြန်လည်ပြင်ဆင်တည်ဆောက် ရမည့် အချက်အလက်များကို လုပ်ငန်းရှင်များအား ခေါ်ယူအသိပေး ခဲ့ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သ တင်းရရှိသည်။

အဆိုပါ အထပ်မြင့် ၅၅ လုံးကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများတည်ဆောက်မှုစိစစ်ရေး ကော်မတီက ဒုတိယသုတ်အဖြစ် အချိန်ယူစစ်ဆေးခဲ့ပြီး ပြင်ဆင်ရန် လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

မြေပြင်လုပ်ငန်းများသာ စ တင်နေသေးသည့် ဒုတိယမြောက် စစ်ဆေးခဲ့သော အဆိုပါ အထပ် မြင့်စီမံကိန်း ၅၅ လုံး၏ဒီဇိုင်းများ ထဲမှ အချို့အချက်အလက်များ ကို ပြန်လည်ပြင်ဆင်ရန် လုပ်ငန်း ရှင်များအား ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ အင် ဂျင်နီယာနှင့်အဆောက်အအုံဌာ နမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘သူတို့ကို စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာ နှစ်ရက်ဆက် တိုက်ခေါ်တွေ့ခဲ့တယ်။ မြေပြင် လုပ်ငန်းတွေပဲ ရှိသေးတဲ့အတွက် ပြန်ပြင်စရာရှိတာတွေ ပြင်လို့ရ အောင် ခေါ်ပြောတာပါ’’ဟု ၎င်း က 7Day Daily သတင်းစာအား ပြောသည်။

အထူးသဖြင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းဒီ ဇိုင်းများအား ပြောင်းလဲစေခြင်း၊ ထရန်စဖော်မာနေရာချထားခြင်း ကိစ္စများနှင့် ကားပါကင်နေရာအ ကျယ်အဝန်းတို့ကို စီမံကိန်းဒီဇိုင်း တွင် ပြန်လည်ပြင်ဆင်ရန် ခံဝန် ကတိတောင်းခံပြီး ခေါ်ယူတွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘အခုလို ကျွန်တော်တို့ကို မြေပြင်လုပ်ငန်းများစတင်နေတဲ့ အချိန်မှာ ခေါ်ပြောတဲ့အတွက် အ ချိန်မီပြင်ဆင်သွားမှာပါ။ ရှေ့ ၁၂ လုံးကလို စီမံကိန်းပြီးခါနီးမှ ပြန် ပြင်ရမယ်ဆိုတာမျိုးဆိုရင်တော့ အဆင်မပြေဘူး။ သူတို့ဘက်က အများဆုံး ပြင်ခိုင်းတာကတော့ ကားပါကင်နဲ့ အိမ်ရှေ့အိမ်နောက် ရေမြောင်းတွေရဲ့ဒီဇိုင်းပါ’’ဟု ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ခေါ်ယူတွေ့ဆုံရာ တွင် ပါဝင်သော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခုစီမံကိန်းဒီဇိုင်းများပြင် ဆင်ရန် ပြန်လည်ညွန်ကြားခြင်း ခံရသည့် အထပ်မြင့်စီမံကိန်း ၅၅ လုံးသည် ပြီးခဲ့သည့် အစိုးရလက် ထက်က မူအားဖြင့် တည်ဆောက် ရန် ခွင့်ပြုချက်ရရှိထားသောအ ဆောက်အအုံများဖြစ်သည်။

ရန်ကုန်မြို့တော် အင်္ဂါရပ် နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေးကော်မတီက ပထမအသုတ်စစ်ဆေးမှု ဖြစ်သည့် အထပ်မြင့် ၁၂ လုံးတွင် အထပ်လျှော့စီမံကိန်းဒီဇိုင်းပြင်ဆင်ရန် ဇူလိုင်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါညွှန်ကြားချက်များ ထုတ်ပြန်ပြီး တစ်လအကြာတွင် မူလဒီဇိုင်းအတိုင်း ပြန်လည်တည် ဆောက်ခွင့်ကို တိုင်းဒေသကြီးအ စိုးရအဖွဲ့က ပြန်လည်ဖြေလျှော့ ပေးခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

Magical World Apartment
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service