ရှန်ဟိုင်း၌ အိမ်သစ်ရောင်းအားသည် ရောင်းအား မြင့်တက်သည့် တတိယမြောက်ဆက်တိုက်
လအဖြစ် ဇူလိုင်လအတွင်း ၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်။
အစိုးရမတည်သည့် အိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည် ဇွန်လကထက် ဇူလိုင်
လတွင် ၅ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စတုရန်းမီတာ ၁ ဒသမ ၃၁ သန်း ရှိခဲ့သည်ဟု
Shanghai Homelink အိမ်ခြံမြေအေဂျင်စီကုမ္ပဏီက သြဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိမ်သစ်များကို ပျမ်းမျှ ၁ စတုရန်းမီတာလျှင် ၃၇,၃၁၉ ယွမ် (၅,၆၁၄ အမေရိကန်ဒေါ်လာ)
နှုန်းဖြင့် ရောင်းချခဲ့ရပြီး ထိုရောင်းဈေးသည် ဇွန်လကထက် ၁ ဒသမ ၆ရာခိုင်နှုန်း မြင့်တက်ခဲ့
ခြင်းဖြစ်သည်။
"Developer တွေက အဆင့်မြင့်အိမ်ရာစီမံကိန်းတွေကို တက်တက်ကြွကြွ ဖော်ဆောင်လာ
တာကလည်း ဈေးနှုန်းကို မြင့်တက်စေပါတယ်" ဟု Shanghai Homelink အိမ်ခြံမြေအေဂျင်
စီကုမ္ပဏီ၏ သုတေသနဒါရိုက်တာ လုချီလင်က ပြောကြားခဲ့သည်။
ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်တွင် ဇူလိုင်လက အိမ်သစ်ရောင်းလိုအားသည် စတုရန်းမီတာ
၇၈၆,၀၀၀ ခန့် ရှိခဲ့ပြီး ဇွန်လကထက် ၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ယင်းရောင်းလိုအား တစ်ဝက်ကျော်က ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ယွမ် ၅၀,၀၀၀ (၇,၅၂၄ အမေရိကန်
ဒေါ်လာ) နှင့်အထက် ဈေးခေါ်ခဲ့ပြီး ယွမ် ၃၀,၀၀၀ (၄,၅၁၄ အမေရိကန်ဒေါ်လာ) အောက်
ဈေးခေါ်သည့် အိမ်သစ်အရေအတွက်သည် ၂၀ ရာခိုင်နှုန်းကျော်သာရှိခဲ့သည်ဟုလည်း
Shanghai Homelink က ထုတ်ပြန်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)