အိမ်ဈေးနှုန်းမြင့်တက်သော မြို့အရေအတွက် ကျဆင်းခဲ့သော်လည်း တရုတ်တွင် အိမ်ဈေးနှုန်း
များသည် ၁၅ လဆက်တိုက်မြောက်လအဖြစ် ဇူလိုင်လတွင် ဆက်လက်မြင့်တက်ခဲ့ကြောင်းတရုတ်ညွှန်းကိန်းအကယ်ဒမီက သြဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုအကယ်ဒမီသည်နိုင်ငံတစ်ဝန်း မြို့ကြီး ၁၀၀ ၏ အိမ်ခြံမြေဈေးကွက်ကို စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်သည်။
အိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းသည် ပြီးခဲ့သည့် ဇွန်လကထက် ဇူလိုင်လတွင် ၁ ဒသမ ၆၃ ရာ
ခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁ စတုရန်းမီတာလျှင်
ပျမ်းမျှရောင်းဈေး ၁၂,၀၀၉ ယွမ် (အမေရိကန်
ဒေါ်လာ ၁,၈၀၆) ရှိခဲ့သည်။ ဇွန်တွင် မြင့်တက်ခဲ့သည့်နှုန်းမှာ ၁ ဒသမ ၃၂ ရာခိုင်နှုန်းဖြစ်သည်။
အိမ်ဈေးများသည် ထိုအကယ်ဒမီလေ့လာခဲ့သည့်
မြို့ ၁၀၀ တွင် ၆၆ မြို့၌ ဈေးနှုန်း မြင့်တက်
ခဲ့ပြီး ယင်းသည် ၇၃ မြို့၌ မြင့်တက်ခဲ့သည့် ဇွန်လကအောက် မြို့အရေအတွက် ကျဆင်းခဲ့
သည်။
၃၃ မြို့၌ ကျဆင်းခဲ့ကာ ကျန် ၄ မြို့၌ ဈေးနှုန်းမပြောင်းလဲခဲ့ပေ။ ဈေးနှုန်းမြင့်တက်ခဲ့
သည့်မြို့များတွင် ဈေးနှုန်း၁ရာခိုင်နှုန်းအထက်
မြင့်တက်ခဲ့သည့် မြို့အရေအတွက်သည်
လည်း ၂၉ မြို့ရှိခဲ့သည်။ ဇွန်လကမူ ထိုမြို့အရေအတွက်သည် ၃၀ မြို့ရှိခဲ့သည်။
Zhejiang (ကျဲကျန့်)ပြည်နယ် Jiaxing(ကျားရှင်း) မြို့က ဇွန်လက တတိယဈေးနှုန်းမြင့်
တက်မှုနှုန်းအများဆုံးမြို့နေရာမှ ဇူလိုင်လတွင် အိမ်ဈေးမြင့်တက်နှုန်း ၄ ဒသမ ၉၄ ရာ
ခိုင်နှုန်းဖြင့် ပထမနေရာသို့ ရောက်ရှိဦးဆောင်ခဲ့သည်။
Hebei (ဟယ်ပေ) ပြည်နယ်ရှိ
Langfang (လန်ဖန်) မြို့နှင့် Anhui (အန်ဟွေ) ပြည်နယ်ရှိ Hefei(ဟယ်ဖေ)မြို့တို့ကဒုတိယနှင့်တတိယဈေးနှုန်းမြင့်
တက်မှုနှုန်းအများဆုံးမြို့ဖြစ်ခဲ့ကြသည်။
ဇူလိုင်လတွင် တရုတ်ရှိ အကြီးဆုံးမြို့ကြီး ၁၀ မြို့တွင် ပျမ်းမျှအိမ်သစ်ဈေးသည် ၁ စတုရန်း
မီတာလျှင် ၂၂,၉၄၅ ယွမ် ရှိခဲ့ပြီး ဇွန်လကထက် ၂ ဒသမ ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဇွန်လတွင် မေလကထက် ၁ ဒသမ ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဖြစ်ရာ ထိုသို့ ဇူလိုင်လ
တွင် မြင့်တက်နှုန်းသည် သိသိသာသာမြင့်တက်ခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)