တရုတ်၊ ဂျပန်နဲ့ အာရှဒေသအတွင်း ရင်းနှီးမြှုပ်နှံသူတွေက အိန္ဒိယနိုင်ငံရှိ အိမ်ခြံမြေလုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဖို့ စိတ်ဝင်စား မှုရှိနေတာကြောင့် အိန္ဒိယအစိုးရက နိုင်ငံ ခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စိစစ်နေတယ်လို့ သိရပါတယ်။
လာမယ့်သုံးနှစ်အတွင်း အိန္ဒိယနိုင်ငံ တွင်အိမ်ခြံမြေလုပ်ငန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန်အတွက် ဂျပန်အိမ်ခြံမြေလုပ် ကိုင်သူတွေက အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိတယ်လို့ အမေရိကန်အခြေစိုက် အိမ်ခြံမြေရင်းနှီး မြှုပ်နှံမှုလုပ်ငန်းကုမ္ပဏီရဲ့ အချက်အလက် တွေအရ သိရပါတယ်။
တရုတ်နိုင်ငံကလည်း အိန္ဒိယအိမ်ခြံ မြေလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ ၃ ဘီလီယံ လျာထားလျက် ရှိပြီး တရုတ်ရဲ့အကြီးမား ဆုံး အိမ်ခြံမြေ လုပ်ငန်းစု ဒီလီယံဝမ်ဒါအုပ်စုက ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ပရောဂျက်တွေလုပ်ကိုင် သွားဖို့ရှိတယ်လို့ ဆို ထားပါတယ်။
ယင်းကဲ့သို့ ကြီးကြီးမားမား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေ လုပ်ကိုင်ခြင်းနဲ့ ပတ် သက်ပြီးတော့ တရုတ်နိုင်ငံက မကြာသေး မီ အချိန်ကတည်းက အခိုင်အမာအတည် ပြုပြောဆိုခြင်းတွေ ရှိခဲ့ပေမယ့်လည်း အိန္ဒိယအစိုးရက ပြီးခဲ့တဲ့နိုဝင်ဘာကတည်း က နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ကန့်သတ် ချက်တွေနဲ့ တားမြစ်ကန့်သတ်ခဲ့တာ ဖြစ် ပါတယ်။
မိုးဝသန်ဦး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com