ကန်ထရိုက်ဆောက်လုပ်ရေးဈေးကွက်မှာလုပ်ငန်းကြီးတွေအပေါ် ရိုက်ခတ်မှုကဆောက်လုပ်ရေးလုပ်ငန်းငယ်တွေပါ ထိခိုက်လာနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့ဆီကသိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေရဲ့ ဈေးကွက်ကျဆင်းမှုတွေကကန်ထရိုက်ငယ်တွေကိုပါ ပိုပြီးထိခိုက်မှုတွေ ဖြစ်ပေါ်စေပါတယ်။လုပ်ငန်းကြီးတွေရဲ့ ရပ်တည်မှုက အဆင့်မြင့်အိမ်ရာတွေ ဖြစ်ပေမဲ့ လက်ရှိမှာသည်ဈေးကွက်နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ ကန့်သတ်မှုတွေ ရှိလာလို့ လုပ်ငန်းကြီးလုပ်ကိုင်သူတွေက အကျိုးတူကန်ထရိုက်တွေလိုစီမံကိန်းအငယ်တွေဘက်ကို ကူးပြောင်းလာမှာကိုစိုးရိမ်နေကြတာ ဖြစ်ပါတယ်။
‘ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿသာနာအားလုံးလိုလိုက
အင်အားနည်းတဲ့ ပြဿသာနာအားလုံးလိုလိုက
အင်အားနည်းတဲ့ လုပ်ငန်းကိုရပ်တည်ဖို့ မဖြစ်နိုင်အောင် ကျပ်တည်းစေတယ်၊ ဒီဆောက်လုပ်ရေးတစ်မျိုးတည်းနဲ့ ဆက်တိုးဖို့ကမဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်’ လို့ စီးပွားရေးပညာရှင် ဒေါ်မိုးမိုးကပြောပါတယ်။
ဈေးကွက်ထဲကဆောက်လုပ်ရေး လုပ်ငန်းအများစုဟာဆောက်လုပ်ရေးအပိုင်းထက် ဒီဇိုင်းရေးဆွဲမှုအပိုင်း၊ အိမ်တွင်းအလှဆင်တာ၊ အလူမီနီယံစတဲ့ လုပ်ငန်းကြီးတွေကိုပါ တိုးချဲ့ပြီးလုပ်ကိုင်လာကြသလိုတင်ဒါတွေ လျှောက်ထားပြီး
ပြန်လည်ငှားရမ်းတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပြီးရပ်တည်လာကြပါတယ်။တချို့ဆောက်လုပ်ရေးတွေကတော့ လုံချင်းအိမ်ဆောက်လုပ်တာနဲ့ ကန်ထရိုက်တိုက်ဆောက်လုပ်ခွင့်ပါမစ် လျှောက်ထားပေးတာတွေကိုလည်း ပြုလုပ်ပေးလာကြပါတယ်။
ဈေးကွက်ပျက်ချိန်လား
ဆောက်လုပ်ရေးဈေးကွက်ကတော့ အခုရက်ပိုင်းအတွင်းမှာ အထပ်မြင့်ရှစ်ထပ်အောက် တိုက်ခန်းတွေကပုံမှန်ဆောက်လုပ်လျက်ရှိပြီးကျန်တဲ့ အဆင့်မြင့်အိမ်ရာတွေလောက်သာ စစ်ဆေးမှုတွေကို စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။
အကျိုးတူကန်ထရိုက်တွေကတော့ ပုံမှန်တော့ ဆောက်လုပ်နေပေမဲ့ ဝယ်ယူတဲ့အပိုင်းမှာတော့ အဆင့်မြင့်အိမ်ရာ ပြဿသာနာတွေကြောင့် ဈေးကွက်အေးနေတာတွေရှိသလို ကြိုပွိုင့်ဝယ်ယူထားတဲ့ သူတွေကလည်းသူတို့အခန်းနဲ့ ပတ်သက်ပြီးလာရောက်မေးမြန်းတာတွေ ရှိနေပါတယ်။
‘ဆောက်လုပ်ရေးဈေးကွက်ကကန်ထရိုက်တိုက်တွေကို
မထိပေမဲ့ ဝယ်ထားတဲ့သူတွေကလာလာမေးကြတယ်၊ တချို့ဆိုရင် စိုးရိမ်လို့ အရှုံးခံရောင်းနေကြတာတွေလဲရှိတယ်’ လို့ အံ့ထူးဆောက်လုပ်ရေးကမန်နေဂျာကိုမင်းမင်း
ကပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းလုပ်ငန်းကြီးတချို့ ရပ်ဆိုင်းတာတွေကြောင့် အလုပ်သမားဈေးကွက်အတွင်းမှာလည်းအလုပ်လက်မဲ့နှုန်း
မြင့်လာပါတယ်။ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းဈေးကွက်ကိုလည်းတဖြည်းဖြည်းချင်းထိခိုက်မှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။
Credit: The Modern