ဒဂုံအရှေ့ပိုင်းရှိ ၁၅၉၊ ၁၆၀ ရပ်ကွက်နှစ်ခုမှ သည်ရက်ပိုင်းအတွင်းအဝယ်တချို့ ပြန်ဆင်းနေတယ်လို့ သိရပါတယ်။
မြေကွက်တွေရဲ့ဈေးနှုန်းကပေ ၄၀xပေ ၆၀ တစ်ကွက်ကို ၃၅ သိန်း ၄၀၊ ၄၅ သိန်းကျော် ရှိတယ်။စိုက်ပျိုးရေးမလုပ်ဆောင်တော့တာကြောင့်
မြေကွက်ပိုင်ရှင်တချို့က ရောင်းနေကြတာပါ။ငွေပိုရှိနေတဲ့ ဝယ်ရောင်းသမားတွေ ဝယ်ယူတာများတယ်လို့ သိရတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက ‘ဝယ်ရောင်းသမားတွေကတော့ ရင်းထားတဲ့ ငွေထက် သိန်း ၂၀မြတ်၊ သိန်း ၃၀ အမြတ်လောက် ပြန်ရနိုင်တဲ့ နေရာတွေ ဝယ်ကြတာများတယ်၊ အခုအချိန်ကဝယ်ယူဈေးကွက်ဆိုတော့ ဈေးတွေကအနိမ့်
ပိုင်းတွေလောက်ပဲအရောင်းအဝယ် ဖြစ်တယ်’ လို့ ပြောပါတယ်။
၁၅၉ နဲ့ ၁၆၀ ရပ်ကွက်တွေကအိုးအိမ်ရုံးကနေ ၂၀၁၄ ခုနှစ်မှာ ပြန်ချပေးခဲ့တဲ့ သိမ်းကွက် ၁၁ကွက်ထဲက ပြန်လည်ချပေးဖို့ ကျန်ရှိနေသေးတဲ့ အကွက်တွေပါ။၁၅၈ ရပ်ကွက်အထိ ပြန်လည်ချပေးခဲ့ပေမဲ့ သည်ရပ်ကွက်နှစ်ခုကတော့တရားဝင် ပြန်လည်ပေးတာမျိုးတော့ မရှိသေးဘူးလို့ အကျိုးဆောင်တချို့က ပြောပါတယ်။
Credit: The Modern