အလွန်အောင်မြင်ကျော်ကြားလျက်ရှိသော အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်ကြီးတစ်ဦးက သားမက်ဖြစ်လာတော့မည့်လူငယ်ကို ခေါ်တွေ့၏။
“ဦးက ဦးသမီးကို အရမ်းချစ်တာ။ အခုမင်းကို ဦးက ဒီမိသားစုထဲကနေကြိုဆိုပါတယ်။ ဦးရဲ့ အိမ်ခြံမြေကုမ္ပဏီကို ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ပေးမယ်။ မင်းလုပ်ရမှာက ရုံးကိုနေ့တိုင်းသွားပြီး လုပ်ငန်းသဘောတွေကို လေ့လာဖို့ပဲ….”
ထိုအခါတွင် သားမက်ဖြစ်လာမည့်လူငယ်က ကြားဖြတ်ပြော၏။
“ကျွန်တော်က ရုံးအလုပ်တွေ မုန်းတယ်။ ပွဲစားတွေကိုလည်း သဘောမတွေ့ဘူး”
“ဦး သိပါတယ်။ နောက်ကျရင် ရုံးမှာလုပ်ရင်းနဲ့ စာရွက်စာတမ်းကိစ္စတွေ ဦးစီးလုပ်နိုင်လာလိမ့်မယ်”ဟု ယောက္ခမလောင်းက ဆိုသည်။
သားမက်လောင်းက ပြန်ပြောရာတွင်..
“စာရွက်စာတမ်းအလုပ်တွေကို ကျွန်တော်မုန်းတယ်။ စားပွဲတစ်လုံးနောက်မှာ တစ်နေကုန်လုံး ထိုင်မနေနိုင်ဘူး”
အမျက်ထွက်နေပြီဖြစ်သော အိမ်ခြံမြေလုပ်ငန်းရှင်ကြီးက..
“နေပါဦး၊ ဦးက မင်းကို အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်မှု တစ်ဝက်ခွဲပေးတာတောင် မင်းက ရုံးအလုပ်တွေမကြိုက်ဘူး၊ ရုံးမှာ မလုပ်ချင်ဘူးဆိုတော့..ငါက မင်းနဲ့ ဘာဆက်လုပ်ရမှာလဲ” ဟု ဒေါသတကြီးဆိုလေရာ အတွေးအခေါ်မြင့်မားသည့် သားမက်လောင်းက ဖြေကြားပုံမှာကား…
“လွယ်ပါတယ်။ ကျွန်တော်ရဲ့ လုပ်ငန်းပိုင်ဆိုင်မှု တစ်ဝက်ကို ဦးက ၀ယ်လိုက်ပေါ့” ဟူ၏။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)