စတီးဖရိန်တွေကို အသုံးပြုပြီး ခိုင်ခံ့တဲ့ စက်ရုံ ၊ Shopping mall နဲ့ super market တွေကို ဆောက်တဲ့အပြင် အခုအခါမှာ လူနေအိမ်တွေကိုပါ စတီးဖရိန်တွေနဲ့ ဆောက်လာကြပါတယ် ။
‘ဒီစတီးဖရိန်နဲ့ ဆောက်တာ စပေါ်တာက ၂၀၁၁ ခုနှစ်လောက်ကတည်းကပါ ၊ အဲဒီတုန်းကတော့ စက်ရုံတွေ ၊ တံတားတွေကို အဓိကထား ဆောက်ကြတာပါ ၊ အခုနောက်ပိုင်း လူနေအိမ်တွေကို စတီးဖရိန်တွေနဲ့ စဆောက်လာကြတာပါ’ လို့ Steeltar Tee and Associate Co.,Ltd က Managing Director ဦးလှိုင်ဝင်းကျော်က ပြောပါတယ် ။
သည်စတီးဖရိန်တွေနဲ့ ဆောက်တဲ့ အဆောက်အအုံတွေက လေဒဏ် ၊ မိုးဒဏ် ၊ ငလျင်ဒဏ် တွေကို ရိုးရိုးဖရိန်တွေနဲ့ ဆောက်တဲ့ အဆောက်အအုံတွေထက် ပိုမိုခိုင်ခံ့မှုရှိပါတယ် ။ စတီးနဲ့ အဆောက်အအုံကို ဖရိန်အရင်ချပြီး ဘေးကနေ အင်္ဂတေကြမ်းခင်းအဆောက်အအုံ တွေဖြစ်ပါတယ် ။ စတီးဖရန် ဆောက်တဲ့အခါ စက်ရုံမှာ ဖရိန်ပုံစံချပြုလုပ်ပြီး ဆောက်ရမယ့် နေရာမှာ အလွယ်တကူထပ်ဆင်နိုင်တာကြောင့် အချိန်ကုန် ၊ လူပင်ပန်းလည်း သက်သာစေတယ်လို့ သိရပါတယ် ။
စတီးဖရိန်နဲ့ ပေ ၂၀x၆၀ အိမ်ဆောက်မယ်ဆိုရင် ကုန်ကျငွေ သိန်း ၂၀၀ လောက်ရှိမှာ ဖြစ်ပါတယ် ။ ကြာမြင့်ချိန်မှာလည်း သုံးပတ်လောက်ကြာမြင့်မယ်လို့ သိရပါတယ် ။ ဆောက်တဲ့နေရာမှာ လိုအပ်တဲ့ ကုန်ကြမ်းတွေကို တရုတ် ၊ ကိုးရီးယား စတဲ့နိုင်ငံတွေကနေ ဝယ်ယူရတာဖြစ်ပါတယ် ။ တရုတ်ကုန်ကြမ်းတွေကို အသုံးပြုရင် ကုန်ကျစရိတ် သက်သာပြီး ကိုရီးယားကုန်ကြမ်းကို အသုံးပြုရင် ၂၀ ရာခိုင်နှုန်း ပိုမိုကုန်ကျမယ်လို့ သိရပါတယ် ။
အခုနောက်ပိုင်း အဆောက်အအုံတွေကို ပိုမိုခိုင်ခံ့တဲ့ စတီးဖရိန်တွေကိုသာ အသုံပြုလာကြတာဖြစ်ပါတယ် ။
Credit: The Modern