မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများတွင် developer တို့က နိုင်ငံခြားဝယ်လက်များကိုသာ ပစ်မှတ်ထားလာလျက်ရှိ

မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများတွင် developer တို့က နိုင်ငံခြားဝယ်လက်များကိုသာ ပစ်မှတ်ထားလာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Jul 2016 10:29 am တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး
မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံများတွင်
ပြည်တွင်းဈေးကွက်များ နှေးကွေးနေမှုကြောင့် developer တို့က နိုင်ငံခြား ၀ယ်လက်များကိုသာ ပစ်မှတ်ထားလာလျက်ရှိကြောင်း ထိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။

ထိုင်းတွင် developer တို့သည် ပြည်ပ၀ယ်လက်များကို ပစ်မှတ်ထားခဲ့သည်မှာ နှစ်ကာလအတန်ကြာခဲ့ပြီဖြစ်ပြီး ယနေ့အချိန်တွင်လည်း အိမ်ရာအရောင်းပြပွဲများ ပြုလုပ်ကာ အလားအလာရှိသော ပြည်ပ၀ယ်လက်များကို ဆွဲဆောင်လျက်ရှိကြသည်။

ထိုင်း၏အိမ်နီးချင်းများသည်လည်း နိုင်ငံခြားဝယ်လက်များကို ဆွဲဆောင်နိုင်ရန် အလားတူမဟာဗျူဟာများ ကျင့်သုံးလာလျက်ရှိကြသည်။

ပြည်ပ၀ယ်လက်များကို ဆွဲဆောင်နိုင်မှုတွင် အရှေ့တောင်အာရှနိုင်ငံများအနက် ထိုင်းသည် ထိပ်ဆုံးမှဦးဆောင်လျက်ရှိပြီး ၂၀၁၆ ပထမနှစ်ဝက်အတွင်း ပြည်ပ၀ယ်လက်များသို့ ထိုင်းဘတ်ငွေ ၂ ဘီလီယံဖိုး ရောင်းချခဲ့ရပြီး ဖြစ်သည်။

ထိုင်းအိမ်ခြံမြေဈေးကွက်အပေါ် စိတ်ဝင်စားမှုအများဆုံးရှိသည်မှာ ဟောင်ကောင်၊ စင်္ကာပူ၊ တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့ ဖြစ်ကြသည်။

ထိုင်း developer အချို့သည် ပြည်ပတွင်ပင် ထွက်၍အိမ်ခြံမြေပြပွဲများကျင်းပလျက်ရှိကြသည်။
သို့ရာတွင် ပြည်ပ၀ယ်လက်များ စိတ်ဝင်စားလျက်ရှိကြသည်မှာ ထိုင်းတစ်နိုင်ငံတည်းအပေါ် မဟုတ်ချေ။

ဗီယက်နမ်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်များ၏ ဖော်ပြချက်အရ၂၀၁၆ဒုတိယသုံးလပတ်ကာလအတွင်း နေအိမ်ခန်းပေါင်း၁၀၀၀၀ ကျော်ရောင်းချခဲ့ရရာတွင် နိုင်ငံခြားဝယ်လက်များ၏ ၀ယ်ယူမှုများစွာ ပါဝင်သည်ဟု ဆိုသည်။

ဗီယက်နမ်တွင် လွန်ခဲ့သောနှစ်အတွင်း အိမ်ခြံမြေဥပဒေပြောင်းလဲမှုများပြုလုပ်ခဲ့ရာ နိုင်ငံခြားဝယ်
လက်များကို စီမံကိန်းတိုင်း၏ အခန်းပမာဏ ၃၀ ရာခိုင်နှုန်း ၀ယ်ယူခွင့်ပေးခဲ့သည်။

အဆိုပါဥပဒေပြဌာန်းပြီးနောက်ပိုင်း ဟိုချီမင်းမြို့တော်တွင် နိုင်ငံခြားဝယ်လက်များက ၀ယ်ယူခဲ့သည့်အိမ်ခန်းပေါင်း ၁၀၀၀ ကျော်အထိ ရှိခဲ့သည်။

လာအိုတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
မြင့်တက်လာသည်ကို တွေ့ရသည်။
ဗီယင်ကျင်းတိုင်းမ်၏ ဖော်ပြချက်အရ လာအိုတွင်အသစ်ဆောက်လုပ်လျက်ရှိသော နေအိမ်ခန်းများ၊ နေအိမ်များမှာလာအိုတွင် နိုင်ငံခြားသားတို့ နေထိုင်မှုမြင့်
တက်လာလျက်ရှိမှုအတွက် နေအိမ်များ ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင်လည်း မကြာသေးမီနှစ်များအတွင်း နိုင်ငံခြားဝယ်လက်များ နေအိမ်
ဝယ်ယူခွင့်ရစေမည့် ဥပဒေသစ်များ ပြဌာန်းလာကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...

မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

Magical World Apartment
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service