အိမ်ခြံမြေ ဈေးနှုန်းကျဆင်းစေရန် ရည်ရွယ်၍ ဈေးနှုန်းဆွဲချပါက နိုင်ငံသားပိုင် ပြည်သူများပိုင်ဆိုင်သည့် တန်ဖိုးများသည်သာလျော့ကျသွားမည်ဖြစ်ကြောင်း အကျိုးဆောင်များကဆိုသည်။
"အိမ် ခြံ မြေ ဈေးကြီးလို့ FDI Investment ကမဝင်ဘူးဆိုပြီး တစ်ချို့က သုံးသပ်နေကြတယ်။မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ဒါပေမယ့် အဲဒါကို အခိုင်အမာကြီးကို ယုံကြည်စွဲကိုင်ပြီးတော့ အိမ် ခြံ မြေ ဈေးကျအောင် ဆွဲချလို့ရှိရင် ကျွန်တော်တို့နိုင်ငံက ဒီပြည်သူပြည်သားတွေပိုင်နေတဲ့ ငွေတွေကလျော့သွားတာ။ငွေ ပမာဏ ကျဆင်းသွားတာ။မြေ ဈေးကျရင် ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေဈေးကျဆင်းသွားတာ။နောက် နိုင်ငံခြားသားနဲ တွဲလုပ်ဖို့ကလည်း ကျွန်တော်တို့ကထည့်နိုင်တာငွေ မဟုတ်ဘူး။မြေပဲပိုင်ထားတာလေ။မြေဈေးအရမ်းထိုးကျအောင်လုပ်ရင်တော့ နိုင်ငံခြားသားအကြိုက်ပေါ့"ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူကပြောသည်။
လက်ရှိအိမ် ခြံ မြေ ပေါက်ဈေးများမှာ ၂၀၁၀ မှစ၍ ငါးနှစ်တာအတွင်း လက်ရှိအချိန်သည် အမြင့်ဆုံးအခြေအနေတွင်ရှိနေသည်။ "" ပဲခူး ဟံသာဝတီလေဆိပ် စီမံကိန်းမြေဧရိယာ သတ်မှတ်ချက်က ဧကပေါင်း ၉၆၀၀ ကျယ်ဝန်းတယ်လို့ဆိုတယ်။ပြောရရင် မဖြစ်မနေ အကျိုးရှိနိုင်တဲ့ စီမံကိန်းပဲလေ။အဲဒီနေရာတွေက လယ်မြေတွေကလည်း တစ် ဧကကို နေရာပေါ်မူတည်ပြီး ၁၀ သိန်းကနေ သိန်း ၁၀၀ ဝန်းကျင်၊ ဥယျာဉ်ခြံမြေမှာဆိုရင် နေရာပေါ်မူတည်ပြီး သိန်း ၂၀၀ ကနေ သိန်းတစ်ထောင်ကျော်ရှိတယ်။စက်မှုဇုန်မြေနဲ့ ဟိုတယ်မြေအမျိုးအစား တစ် ဧကကို သိန်း သုံးထောင်နဲ့ သိန်း ခြောက်ထောင် ဝန်းကျင်မှာရှိတယ်။""ဟု အကျိုးဆောင်တစ်ဦးမှဆိုသည်။
ချောင်းသာကဲ့သို့သော နေရာများတွင်ရင်းနှီးမြုပ်နှံလိုပါကလည်း ဟိုတယ်မြေနေရာများမှာ တစ် ဧကလျှင် သိန်း ၅၀၀မှသိန်းတစ်ထောင်ကြားတွင်ရှိသည်။ကမ်းခြေနှင့် ဆက်စပ်နေကာ ဟိုတယ်ချက်ခြင်းတည်ဆောက်နိုင်သော မြေနေရာများမှာမူ သိန်း ရှစ်ထောင်မှ သိန်း သုံးသောင်း အထိရှိပေသည်။ယင်းကြောင့် အများစုအနေဖြင့် လက်ရှ မြေဈေးသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် အဟန့်အတားဖြစ်နေကြာင်းသုံးသပ်ပြောဆိုကြခြင်းဖြစ်သည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com