ပြီးခဲ့သည့် အစိုးရလက်ထပ်က တည်ဆောက်ခဲ့သည့် တန်ဖိုးနည်း အိမ်ယာစီမံကိန်းထဲမှ အခန်း အရေအတွက် ၂၀၀၀ကျော်ကို စတင် ရောင်းချမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်း ရရှိသည်။
ရောင်းချမည့် အိမ်ယာစီမံကိန်းများမှာ လှိုင်သာယာ နှင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်များတွင် တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်း အိမ်ယာစီမံကိန်းများထဲမှ အခန်းများကို ရောင်းချသွားမည်ဖြစ်သည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း အိမ်ယာ စီမံကိန်း အပိုင်း၃နှင့် ယုဇန အိမ်ရာစီမံကိန်းတို့မှ အခန်း အရေအတွက် ၂၀၀၀ကျော်ကို ရောင်းချရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွှယ်ထားသည်။
ကျပ်သိန်း ၁၀၀ကျော်တိုက်ခန်းများအား ရောင်းချရာတွင် မဲနှိုက်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများ အနေဖြင့် မိမိနှင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်လွှာများ ၀ယ်ယူနိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အိမ်ရာဝယ်ယူခြင်း အတွင် ဆောက်လုပ်ေ၇းနှင့် အိမ်ယာ ဖွံဖြိုးရေးဘဏ်မှ လဲချေးငွေများ ကိုနှစ်ရှည် အရစ်ကျပုံစံဖြင့် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း ကျပ်သိန်းတစ် ရာအောက် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း တစ်သိန်းရှစ် သောင်းခန့် အစိုးရသစ်လက်ထက် ၌ တည်ဆောက်နိုင်ရန် စီစဉ်ထား ကြောင်း နေပြည်တော်တွင် ဇွန် လ ၇ရက်ကပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ ဆောက်လုပ်ရေး ၀န်ကြီး ဦးဝင်းခိုင်ကပြောကြား ခဲ့သည်။
လက်ရှိရန်ကုန်မြို့တွင်တန် ဖိုးနည်းအိမ်ရာတည်ဆောက်ရန် မြေဧက ၂၃၀ ကျော်ရရှိထား ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com