ရန်ကုန် စတော့ အိတ်ချိန်းဝင် FMI ကုမ္ပဏီမှ မီးရထားရုံးချုပ်ဟောင်း အပါအ၀င် ၄င်း အနီးရှိ မြေနေရာများတွင် အဆင့်မြင့် အဆောက်အအူံများ တည်ဆောက်ပြီး အမေရီကန်ဒေါ်လာ သန်း ၆၀၀ကျော် ရင်းနှီး မြှပ်နှံသွားမည်ဖြစ်ကြောင်း ၄င်း ကုမ္ပဏီ က သတင်းထုတ်ပြန်သည်။
၂၀၁၆ ခုနှစ် ဇူလိုင် ၂၃ရက်တွင် အဆိုပါ မြေနေရာနှင့် မီးရထားရုံးချုပ်ဟောင်းတွင် Landmark Development စီမံကိန်း အတွက် မြန်မာ့ မီးရးထားမှ တဆင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနဖြင့် အဆိုပါ ကုမ္ပဏီမှ မြေဌား စာချုပ် ချုပ်ဆိုခဲ့သည်။
Landmark Development စီမံကိန်းတွင် မီးရထားရုံးချုပ်ဟောင်း ကို ပင်နီဆူလာ ရန်ကုန် ဟိုတယ် အဖြစ် ပြုပြင် မွမ်းမံသွားမည်ဖြစ်ပြီး ကျန်မြေ နေရာများတွင် ရုံး ခန်း အဆောက်အအုံ တာဝါနှစ်လုံးနှင့် လူနေအဆင့်မြင့်တိုက်ခန်းများကို ထည့်သွင်းတည်ဆောက် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
စီမံကိန်း စတင်တည်ဆောက်နိုင်ရန် သက်ဆိုင်ရာအစိုးရနှင့်စာချုပ်ချုပ်ဆိုပြီးသွားပြီ ဖြစ်သောကြောင့် ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ၇ရှိရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Landmark Development စီမံကိန်းကို ၂၀၂၀ ပြည့်နှစ် မတိုင်မှီတွင် စီမံကိန်း ကို အပြီးသတ်နိုင်ရန် ကုမ္ပဏီက ရည်ရွယ်ထားသည်။
FMI နှင့်အစိုးတို့ချုပ်ဆိုသော အဌားစာချုပ်တွင် နှစ်၅၀ စာချုပ်ချုပ်ဆိုထားပြီး သက်တမ်းတိုးကာလ နှစ် ၅၀ စီ ချုပ်ဆိုထားကြောင်း သိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com