သည်နေ့မှာ ပြည်တွင်းရွှေဈေးကတော့ ကျပ် ၂၀၀၀ ဝန်းကျင် ဈေးကျနေပြီး ကမ္ဘာ့ရွှေဈေးက အတက်အကျ မငြိမ်ဘဲ ဖြစ်နေတယ်လို့ သိရတယ်။
ရွှေဈေးက အကျဘက်ကို ဦးတည်ပေမဲ့ သည်ရက်ပိုင်းတွေမှာ အတတ်ဈေးလည်း ပြန်ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၁၃၂၀ အောက်အထိ ပြန်ဆင်းခဲ့ပေမဲ့ ဒေါ်လာ ၁၃၂၀ကျော်ကို ပြန်ရောက်နေတာ ဖြစ်တယ်။ပြည်တွင်းရွှေဈေးကတော့ ဒေါ်လာဈေးတက်တာကြောင့် ကျပ် ၈၃၀,၀၀၀ ကို ပြန်မရောက်သေးတာပါ။
ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ‘ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၁၃၀၀ လောက်အထိ ပြန်ကျဖို့ ရှိပေမဲ့ ဈေးက နည်းနည်းတက်နေတာ၊ ကမ္ဘာ့စီးပွားရေးတွေ တည်ငြိမ်နေရင်တော့ အကျက ပိုသေချာတယ်၊ ဘဏ်အတိုးနှုန်းကိစ္စတွေကလဲ စောင့်ကြည့်ရဦးမယ့် အခြေအနေတွေပါ၊ ဒီရက်ပိုင်းတွေကတော့ ပြည်တွင်းရွှေဈေးက ဈေးငြိမ်နေနိုင်လောက်တယ်’ လို့ ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၃၁၆ ဒေါ်လာဝန်းကျင်အထိ ဈေးကျခဲ့ပေမဲ့ အချိန်ပိုင်းမှာပဲ ဒေါ်လာ ၁၃၂၀ ကျော်ကို ဈေးပြန်တက်ခဲ့တယ်။သည်နေ့မှာလည်း တစ်အောင်စကို ၁၃၂၂ ဒေါ်လာ ဖြစ်ပါတယ်။ပြည်တွင်းရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၈၃၇,၀၀၀ ရှိပြီး မနေ့က ကျပ် ၈၃၉,၄၀၀ ရှိခဲ့တာကြောင့် ကျပ် ၂၀၀၀ ဝန်းကျင် ဈေးကျနေတယ်လို့ သိရပါတယ်။
Credit : The Kumudra