လယ်ယာမြေအကွက်ရိုက်ပြသနာကြောင့် ပြည်ဦးလွင် အိမ်ခြံမြေဈေးကွက် အေးစက်

လယ်ယာမြေအကွက်ရိုက်ပြသနာကြောင့် ပြည်ဦးလွင် အိမ်ခြံမြေဈေးကွက် အေးစက် - Property News in Myanmar from iMyanmarHouse.com
26 Jul 2016 10:09 am တွင် တင်ခဲ့သည်
1731 ကြိမ် ကြည့်ရှု့ပြီး
မြေအရောင်းအဝယ်နဲ့ပတ်သက်ပြီး အရှုပ်အရှင်းပြသနာတွေကြောင့် ပြည်ဦးလွင်အိမ်ခြံမြေဈေးကွက်မှာ မြေအရောင်းအဝယ်ရပ်တန့်နေပြီး ဈေးနှုန်းပါ ကျဆင်းလာတယ်လို့ နယ်မြေအကျိုးဆောင် တချို့က ပြောပါတယ် ။

လယ်ယာမြေ အကွက်ရိုက်ရောင်းချမှုတွေ ၊ သစ်တောမြေ အကွက်ရိုက်ရောင်းချမှုတွေ စတဲ့ လွှဲပြောင်းရောင်းဝယ်ခွင့်မရှိတဲ့ မြေရောင်းဝယ်မှုတွေကို ပြင်းပြင်းထန်ထန်တားဆီးပိတ်ပင်ဖို့ အာဏာပိုင်တွေဘက်က ကြိုးစားလာတာကြောင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေ အကွက်ရိုက်ကွက်တွေမှာ မြေပိုင်ဆိုင်မှု အရှုပ်အရှင်း ၊ ငွေကြေးအရှုပ်အရှင်း ပြသနာတွေ ပေါ်ပေါက်နေပါတယ်။

ဝယ်သူမရှိ

အဆိုပါ အရှုပ်အရှင်းပြသနာကြောင့် တစ်ချိန်က အရောင်းအဝယ်သွက်ခဲ့တဲ့ ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေအရောင်းအဝယ်ဈေးကွက် တစ်ခုလုံးမှာ အခုအခါဝယ်သူမရှိဘဲ ဖြစ်နေတယ်လို့ နယ်ခံမြေပွဲစားအချို့က ပြောပါတယ် ။

‘ခွင်ပြုချက်မဲ့ အကွက်ရိုက်တွေက သိန်း ၊ သောင်းရှိတယ် ၊ အဲဒီမှာဖြစ်နေတဲ့ ပြသနာတွေက အများကြီးဆိုတော့ ဝယ်လက်က ပြင်ဦးလွင်ဆိုရင် သိပ်စိတ်မဝင်စားသလို ဖြစ်နေတယ် ၊ မြို့ထဲက တရားဝင်မြေတွေတောင် အရောင်းအဝယ်သိပ်မရှိဘူး’ လို့ နယ်ခံမြေပွဲစား ဒေါ်သင်းသင်းက ပြောပါတယ် ။

ပြင်ဥိးလွင်မြို့နယ် အနီးစခန်းလေယာဉ်ကွင်း အနီးရှိ ဆင်ခေါင်းကြီး ကျေးရွာနေမြေအကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးကလည်း’ ဝယ်သူက တွန့်သွားပြီး ဘယ်လိုအာမခံခံ မယုံကြည်ချင်တော့ဘူး ၊ နဂိုကတည်းမှ အေးနေတာ ၊ အခုဒီလိုကိစ္စတွေဖြစ်တော့ အရောင်းအဝယ်က လုံးဝကို ရပ်သွားတာ ၊ ဘာမြေမှကို အရောင်းအဝယ်မဖြစ်ဘူး’ လို့ပြောပါတယ် ။

ဝယ်လက်မရှိလို့ အရောင်းအဝယ်ကျဆင်းလာတာနဲ့ အမျှ ဈေးနှုန်းပါကျဆင်းလာခဲ့ပြီး အခုလဆန်းပိုင်းက ကျပ် သိန်း ၈၀ ခန့်ပေါက်ဈေးရှိခဲ့တဲ့ ပေ ၄၀ ပတ်လည်မြေကွက်ဆိုရင် အခုကျပ်သိန်း ၄၀ ခန့် ဈေးခေါ်ရောင်းတာတောင် ဝယ်သူမရှိဘူးလို့ သိရပါတယ် ။

ပြင်ဦးလွင်မြေယာအရှုပ်အရှင်း ပြသနာကြောင့် မန္တလေးပတ်ဝန်းကျင်ရှိ လယ်ယာမြေအရောင်းအဝယ်ဈေးကွက်ကိုပါ ဂယက်ရိုက်စေပါတယ် ။

မန္တလေးမြို့ကနေ ပြင်ဦးလွင်သွားတဲ့ ကားလမ်းဘေးပတ်ဝန်းကျင်က မြေယာတွေ ၊ ပုသိမ်ကြီးမြို့နယ်သွား ကားလမ်းဘေးပတ်ဝန်းကျင်က မြေယာတွေ ၊ မတ္တရာဘက်သွားတဲ့ ကားလမ်းဘေးပတ်ဝန်းကျင်က မြေယာတွေနဲ့ စစ်ကိုင်း ၊ တံတားဦးပတ်ဝန်းကျင်က မြေယာတွေမှာပါ အခုအခါအရောင်းအဝယ်ရပ်နေတယ်လို့ နယ်ခံအကျိုးဆောင်တချို့က ပြောပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...

မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service