အစိုးရသစ်နဲ့ တန်ဖိုးနည်း အိမ်ရာပြဿနာ

အစိုးရသစ်နဲ့ တန်ဖိုးနည်း အိမ်ရာပြဿနာ - Property News in Myanmar from iMyanmarHouse.com
25 Jul 2016 11:23 am တွင် တင်ခဲ့သည်
5252 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျဘဏ်ချေးငွေနဲ့ ရောင်းချပေးပြီး ရောင်းချပေးတဲ့အခါ နှစ်ရှည်ချေးငွေအဖြစ် သက်တမ်း ၈နှစ် ပေးမယ်လို့ သတင်းထုတ်ပြန်မှုတွေ ရှိလာပါတယ်။

အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ကို ဘဏ်မှာ အပ်ငွေအဖြစ် စုရမှာဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ဘဏ်ချေးငွေအဖြစ် ချေးယူပြီး အရစ်ကျပေး ဆပ်သွားရမှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါဆိုရင် အခြေခံ လူတန်းစား တွေ အနေနဲ့ အိမ်ပိုင်ရာပိုင်ဘ၀ကို အမှန်တကယ် အိပ်မက်မက်နိုင်ပြီလားဆိုတာကို ဝေဖန်ဆန်းစစ်ဖို့ လို ပါ တယ်။

အစိုးရလား၊ ပုဂ္ဂလိကလား

မြန်မာနိုင်ငံမှာ အိမ်ရာ လိုအပ်ချက်အများဆုံးက ရန်ကုန်မြို့မှာ ဖြစ်နေတာပါ။ ရန်ကုန်မြို့ ဟာ လူဦးရေ သိပ်သည်းမှုများ တဲ့အပြင် အိမ်ခြံမြေဈေးနှုန်းဟာလည်း သာမန်ပြည်သူတွေ လက်လှမ်းမမီအောင် မြင့်လွန်းနေပါတယ်။ နောက်ပြီး ရှိတဲ့ အိမ်ရာတွေကလည်း စံချိန်စံညွှန်းနဲ့ ညီညွတ်ရဲ့လားဆိုတာက မေးစရာပါ။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ ရန်ကုန်မြို့ရှိ လူဦးရေ ခြောက်သန်းမှာ တသန်းကျော်လောက်ဟာ စံမမီ အိမ် ရာတွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။ တကယ်တော့ စံမမီဆိုတာ Slum ဆိုတဲ့ အသုံးအနှုန်းကို ယဉ်ကျေးအောင်၊ နားထောင်ကောင်းအောင် ဘာသာပြန်ထားတာပါ။

လူမှုရေးအစ ကျန်းမာရေးအဆုံး လူနေဖို့ လုံးဝမသင့်လျော်တဲ့ အိမ်ရာမျိုးတွေပါ။ စံမမီအိမ်ရာတွေဟာ မြို့အစွန်တွေမှာ ရှိသလို မြို့တွင်းမြို့နယ်တွေမှာလည်း ရှိပါတယ်။ ၀င်ဒါမီယာအောက်ချိုင့်လို နေရာမျိုးမှာတောင် ရှိနေတာပါ။

ဒါဆိုရင် စံချိန်မီပြီး တန်ဖိုးလည်းနည်းတဲ့ အိမ်ရာပေါင်း သိန်းနဲ့ချီပြီး လိုအပ်နေတာကို အစိုးရသစ်က ဖြည့်ဆည်းပေးနိုင် မလားဆိုတာ စိတ်ဝင်စားစရာမေးခွန်း ဖြစ်ပါတယ်။

နိုင်ငံတော်တော်များများမှာ အိမ်ထုတ်လုပ်မှုကို အစိုးရက မလုပ်ဘဲ ပုဂ္ဂလိကကဏ္ဍ ( Private Sector) ကပဲ လုပ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ စည်းမျဉ်းစည်းကမ်း ကြပ်မတ်တဲ့အပိုင်း (Regulatory Role ) ကိုသာ ယူပြီး ပုဂ္ဂလိကကဏ္ဍကို ဖွင့်ပေးသင့်တယ်လို့ တချို့က မြင်ကြပါတယ်။

တဖက်မှာတော့ မြန်မာနိုင်ငံရဲ့လက်ရှိ အနေအထားဟာ အစိုးရအနေနဲ့ မဖြစ်မနေ ပါဝင်လုပ်ဆောင်ရမယ့် အနေအထားမျိုး ဖြစ်တယ်လို့ တချို့က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်က သိပ်များနေတဲ့အတွက် Private Sectorနဲ့ သဟဇာတ မဖြစ်နိုင်သေး ပါဘူး။ ဒါကြောင့်အစိုးရကတော့ ၀င်ရဦးမယ်။ အစပိုင်းမှာ ဆွဲခေါ်ရဦးမှာပဲ။ နောက်ပိုင်းမှသာ Facilitator Role ကို ပြောင်း သွားရမှာ။ ဘာကြောင့်လဲဆိုတော့ Private Sector မှာလည်း အင်အားရှိတဲ့ လုပ်ငန်းရှင်ကလည်း တော်တော်နည်းတယ်။ အခု Commercial Housing တွေတောင် သူ့ ပြဿနာနဲ့သူ ရှုပ်နေကြတယ်”လို့ မြို့ရွာနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ဒုတိ ယညွန်ကြားရေးမှူးဟောင်း ဦးမြင့်ဆွေက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့အိမ်ရာဆောက်လုပ်ရေးမှာ ပုဂ္ဂလိကကဏ္ဍရှိပေမယ့် တန်ဖိုးနည်းအိမ်ရာ ( Low cost Housing) ထက် တန်ဖိုးမြင့်တဲ့ (Commercial housing) ကိုသာ ပိုစိတ်ဝင်စားခဲ့ကြပါတယ်။

တန်ဖိုးနည်းအိမ်ရာဆိုတာက မြေဖိုး၊ အဆောက်အအုံတန်ဖိုး အကုန်လုံးကို လျှော့ချရပြီး အခြေခံလိုအပ်ချက်တွေလည်း အပြည့်အစုံပါဝင်ရပါတယ်။ ဒါကြောင့် Private Sector က ဘယ်လောက်လုပ်နိုင်တယ်ဆိုပေမယ့်လည်း အစိုးရက ပံ့ပိုး ကူညီမှု (Subsidization) တခုခု လုပ်ပေးမှသာ အဆင်ပြေမယ့်သဘော ပြောဆိုနေကြတာပါ။

မြေပိုင်ရှင်များ ကူညီကြနိုင်မလား

တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးကိုကိုထွေးက အစိုးရဘက်က မြေပေးဖို့ လိုအပ်တယ်လို့ ပြောပါ တယ်။ သူတို့ကုမ္ပဏီအနေနဲ့ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်းသုံးသိန်းကို ဆောက်လုပ်သွားဖို့အတွက် လိုအပ်တဲ့မြေဧက ၁၀၀၀ ၀န်းကျင်ကို အစိုးရဆီက ၀ယ်ယူချင်ပေမယ့် အစိုးရက မြေမရှိဘူးလို့ ပြောနေတဲ့အတွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မှုအတွက် အခက်အခဲဖြစ်နေတယ်လို့ အင်တာဗျုးတခုမှာ ပြောကြားသွားခဲ့ပါတယ်။

“အခု ပြောနေတာရှိပါတယ်။ အစိုးရမ၀င်နဲ့၊ မြေကိုသာပေးပါ၊ Private Sector က ဆောက်လိမ့်မယ်ဆိုတဲ့ နေရာမှာ အစိုးရ ကိုယ်တိုင်ကလည်း နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလိုဖြစ်နေတယ်။ ပြဿနာက သူ့လက်ထဲမှာလည်း မြေ မရှိဘူး။ အရင် အစိုးရလက်ထက်က ရှိတဲ့ဟာတွေကလည်း မလုပ်သင့်တဲ့ စီမံကိန်းတွေလုပ်၊ မပေးသင့်တဲ့ လူတွေကိုပေး၊ လုပ်ခဲ့တာတွေ ကြောင့် ဒီအစိုးရလက်ထဲ ရောက်တော့ ဘာမှ မကျန်တော့တာပါ” လို့ ဦးမြင့်ဆွေက ဆက်လက် သုံးသပ်ပြခဲ့ပါတယ်။

အခု ၂ နှစ်အတွင်း ဆောက်မယ့် အခန်းပေါင်း၈၀၀၀ ဆိုတာက အမှန်တော့ ppp ( Privat public partnership )နဲ့ လုပ် တာဖြစ်ပြီး Cross subsidization ဆိုတဲ့ နည်းကို သုံးထားတယ်လို့သိရပါတယ်။

ဒီလို မြေကြီးနဲ့ ပတ်သက်တဲ့ အခက်အခဲ တွေကြားထဲက မြေကျဉ်းပေမယ့်လည်း commercial housing လုပ်လို့ ရတဲ့ ဌာနဆိုင်ရာမြေလေးတွေတော့ ရှိသေးတဲ့ အတွက် အဲဒီမြေလေးတွေပေါ်မှာ private နဲ့ Partnership လုပ်လိုက်ပြီး ဒီက ရတဲ့အကျိုးအမြတ်ကို Cross subsidize လုပ်တဲ့သဘောလို့ သုံးသပ်ရပါလိမ့်မယ်။

နှစ်ရှည်ငွေချေးပေးမယ့် ဘဏ်တွေရှိရဲ့လား

တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်နိုင်ဖို့ အတွက် မြေလိုအပ်သလို တန်ဖိုးနည်းအိမ်ရာကို အခြေခံလူတန်းစားများဝယ် ယူနိုင်ရေးအတွက်လည်း ငွေကြေးကဏ္ဍကို တာဝန်ယူပေးမယ့် ဘဏ်တွေဘက်က အားကောင်းဖို့ လိုပါတယ်။ ဆောက် လုပ်ရေးဝန်ကြီးဌာနက တန်ဖိုးနည်းအိမ်ရာတွေ ၂နှစ်အတွင်း ထုတ်ရောင်းပေးမယ်ဆိုပေမယ့် ဘဏ်တွေက မကူညီရင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားနိုင်ပါတယ်။

အိမ်ဝယ်သူအနေနဲ့ ကျပ်ငွေသိန်းတရာအပြင် ဗဟိုဘဏ်ရဲ့အတိုးနှုန်းသတ်မှတ်ချက်အရ တနှစ်မှာ အတိုး ၁၂ ရာနှုန်းကို လည်းပေးဆောင်ရဦးမှာပါ။ ပထမဆုံးအနေနဲ့ သိန်းသုံးဆယ်ကို ပေးသွင်းထားရဖို့ အတွက်လည်း အခြေခံလူတန်းစား အများစုက တတ်နိုင်ဖို့ မလွယ်ကူပါဘူး။ ဆယ်ရာခိုင်နှုန်းလောက် ဆိုရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါကို ဘဏ်တွေ ဘက်က ကူညီပေးမှ ဖြစ်နိုင်ပါလိမ့်မယ်။

“ဘဏ်က ချေးငွေထုတ်ချေးပေးမှာပါ။ ပြန်ဆပ်ကာလ ၁၅နှစ် ပေးနိုင်ပါ့မလားဆိုတာတော့ ဆွေးနွေးညှိနှိုင်းအဖြေရှာနေ ဆဲပါ။ တကယ်တော့ ၁၅နှစ် ချေးပေးနိုင်မယ့် long term loans ကျနော်တို့ဆီမှာ မရှိသေးပါဘူး။ အခုကတော့ ၈နှစ် ပါပဲ။ ဘဏ်မှာ အရစ်ကျ ငွေပေးသွင်းနိုင်တဲ့အတွက် ပိုက်ဆံများများသွင်းနိုင်တဲ့သူက အရင်ရသွားမှာပါ”လို့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ်။

ဘဏ်က ချေးမယ့် ၇၀ ရာနှုန်းကို ၁၅ နှစ်အတွင်းပြန်ဆပ်ရမယ်လို့ ဖြေလျှော့ပေးမယ်ဆိုရင် တန်ဖိုးနည်းတိုက်ခန်း တခန်း အတွက် တလကျပ်ငါးသောင်းဝန်းကျင်ပဲ ပေးဆောင်ရပါမယ်။ ဒါက အခု ထုတ်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာ ၈၀၀၀ ကိစ္စ ပါ။

ပထမဆုံးစမ်းသပ်မှုဖြစ်လေမလား

အစိုးရမှာ မြေမရှိတော့ဘဲ ပုဂ္ဂလိကလက်ထဲကို အကုန်ရောက်နေပြီလို့ ပြောတာတွေ ရှိသလို အစိုးရဆိုတာ မြေရှိချင်ရင် ရှိအောင်လုပ်လို့ ရတာပဲ ဆိုတဲ့ အမြင်လည်းရှိနေပါတယ်။ ပုဂ္ဂလိကထံမှာ မြေဘယ်လောက်ရှိ နေသလဲဆိုတာ သိဖို့နဲ့  အစိုးရဆီမှာ အိမ်ဆောက်နိုင်မယ့်မြေ ဘယ်လောက်ရှိနေသလဲ သိဖို့အတွက် မြေသန်းခေါင်စာရင်းကောက်ယူဖို့  မသင့်ဘူး လား။

ဒါက လူသန်း၅၀ကျော်ကို သန်းခေါင်စာရင်း ကောက်ယူရတာမျိုး မဟုတ်တဲ့အတွက် လပေါင်းများစွာ အချိန်ကြာမယ့် အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် “ညောင်မြစ်တူးတော့ ပုတ်သင်ဥပေါ် ” ဆိုသလို “မျက်နှာပျက်စရာ” “မျက်နှာပူစရာ ” တွေ ဖြစ်လာလေမလား။

တန်ဖိုးနည်းအိမ်ရာကို ပုဂ္ဂလိက ကဏ္ဍက ထုတ်လုပ်မယ်ဆိုရင် လိုအပ်တဲ့ အိမ်ရာအရေအတွက်ကို ထုတ်နိုင်ဖို့အတွက် ဘဏ်တွေကလည်း လိုသလောက် ချေးပေးနိုင်ဖို့လိုပါတယ်။ တကယ်လို့  ပုဂ္ဂလိက ကဏ္ဍက မထုတ်လုပ်ဘဲ အစိုးရကိုယ် တိုင်က ထုတ်လုပ်မယ်ဆိုရင်ကော ငွေကြေးကို ဘယ်ကရမလဲ။ ဘတ်ဂျက်ထဲက ယူသုံးမှာလား။

“အခုလုပ်နေတဲ့ ကိစ္စကို အစိုးရက ဘတ်ဂျက်နဲ့ သွားလို့မရဘူး။ အစိုးရမှာ သီးသန့် Fund ရှိရမယ်။ အိန္ဒိယ၊ စင်ကာပူ ဒီ အတိုင်းပဲ သွားကြတာပဲ။ ဘတ်ဂျက်ကတော့ အားလုံးနဲ့ မျှရတာဆိုတော့ အဲဒီက သုံးလို့ မရနိုင်ပါဘူး”လို့ ဦးမြင့်ဆွေက ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တဲ့အတွက် အတိုးနှုန်းကို ၁၂ရာနှုန်းထက် လျှော့ချလို့ မရတဲ့ဘဏ်တွေနဲ့ ဥပဒေကို လက် တ လုံးခြားလုပ်ပြီး မြေဧကပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ မြေပိုင်ရှင်တွေကို အတွေ့အကြုံနုနယ်သေးတဲ့ အစိုးရသစ်က ဘယ်လောက် စည်းရုံးနိုင်မလဲ။

ဈေးမြင့်တဲ့ မြေပေါ်မှာ အတိုးမြင့်တဲ့ ချေးငွေနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို မဖြစ်မနေဆောက်လုပ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့ စံချိန်စံညွှန်းမီအောင် ထုတ်လုပ်နိုင်မလဲ။ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဟာ အစိုးရသစ်ရဲ့စွမ်းဆောင်ရည်အတွက် ပထမဆုံး စမ်းသပ်ချက် လို့ ဆိုနိုင်ပါတယ်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...
ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...
[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...
[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...
ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...
ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...
အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...
အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...
မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...
မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...
မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...
မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခ
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခ
ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ
ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service