ဘာရိန်းနိုင်ငံတွင် အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးမှုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ပြည်ပ၀ယ်လက်များကို အိမ်ခြံမြေရာနှုန်းပြည့်ဝယ်ယူပိုင်ဆိုင်ခွင့် ပေးရန် ဘာရိန်းအစိုးရကဆုံးဖြတ်လိုက်သည်ဟုအရှေ့အလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လူနေနှင့် ရုံးခန်းအပါအ၀င် အိမ်ခြံမြေကဏ္ဍစုံတွင် ပြည်ပ၀ယ်လက်များကို ရာနှုန်းပြည့်ပိုင်ဆိုင်ခွင့်ပေးရန် ဘာရိန်းအစိုးရဆုံးဖြတ်လိုက်ခြင်းမှာဘာရိန်း
အိမ်ခြံမြေဈေးကွက်အတွက် ရေရှည်တွင် ရလဒ်ကောင်းများရရှိလာနိုင်သည့် ခြေလှမ်းတစ်
ရပ်ဖြစ်ကြောင်း နိုင်ငံတကာအိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ဖြစ်သောCluttons က သုံးသပ်ထားသည်။
“ပြည်ပ၀ယ်လက်တွေကို ရာနှုန်းပြည့်ပိုင်ဆိုင်ခွင့်ပေးဖို့ အစိုးရရဲ့ဆုံးဖြတ်ချက်ဟာဘာရိန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါတယ်။ ရေနံဈေးကျသွားပြီးတဲ့နောက်ပိုင်း
တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှု နှေးလာတယ်။ အခုဆုံးဖြတ်ချက်ဟာစီးပွားရေးလုပ်ငန်းတွေအတွက် အလားအလာကောင်းတွေ ပေါ်လာမယ့်ခြေလှမ်းပါ”ဟုCluttonsမှဘာရိန်းနှင့် ဆော်ဒီအာရေးဘီးယားဆိုင်ရာအကြီးအကဲ ဟယ်ရီဂွတ်ဆန်ဝစ်ခ်က ပြောကြားသည်။
ဘာရိန်းအစိုးရ၏ ထုတ်ပြန်ချက်အရယခုဥပဒေသစ်သည် နိုင်ငံခြားဝယ်လက်တို့ကို အိမ်ခြံမြေ၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့်အခြားနည်းပညာဆိုင်ရာလုပ်ငန်းများအတွက် အိမ်ခြံမြေ၀ယ်ယူရာတွင် ရာနှုန်းပြည့်ပိုင်ဆိုင်ခွင့်ပေးမည်ဟုဆိုသည်။
Cluttons မှ သုတေသနဌာနအကြီးအကဲဖိုင်ဆယ် ဒူရာနီကသုံးသပ်ရာတွင်.. “ဒီဆုံးဖြတ်ချက်ကရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကိုအရှေ့အလယ်ပိုင်းမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘာရိန်းကိုရွေးချယ်ဖို့ ဆွဲဆောင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေတန်ဖိုးနဲ့ငှားရမ်းမှုတွေ နေ့ချင်းညချင်း မြင့်တက်လာစေဖို့ဆိုတာမဖြစ်နိုင်ပေမယ့် ဒီဆုံးဖြတ်ချက်ကရေရှည်အတွက် အများကြီးအထောက်အပံ့ဖြစ်စေပါတယ်”ဟုသုံး
သပ်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)