အစိုးရဝန်ကြီးဌာနတွေက ဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိတဲ့ တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွေနဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေရဲ့ လက်ရှိတည်ဆောက်ပြီးစီးမှု အခြေအနေတွေကို ဖော်ပြပေးလိုက်ရပါတယ် ။
ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ
အဆိုပါအိမ်ရာစီမံကိန်းကတော့ လက်ရှိမှာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးနေပြီဖြစ်ပြီး ရေ ၊ မီး နဲ့ အခန်းတွင်းပြင်ဆင်မှုလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိပါတယ် ။ အခန်းတွေကိုတော့ ယခုနှစ်အတွင်း ဝယ်ယူသူတွေကို အခန်းအပ်နှံပးသွားမှာဖြစ်ပါတယ် ။ အခန်းစုစုပေါင်း ၈၀၀ ရှိပြီး အခန်းအကျယ်အဝန်းတွေကတော့ ၆၀၀ စတုရန်းပေနဲ့ ၉၀၀ စတုရန်းပေနှစ်မျိုးဖြစ်ပါတယ် ။
အခန်းဈေးနှုန်းတွေကတော့ ကျပ် ၂၅၅ သိန်းဝန်းကျင်မှ ကျပ် ၃၀၀ ဝန်းကျင်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ် ။ အခန်းအားလုံးကို မဲစနစ်နဲ့ ရောင်းချခဲ့တာဖြစ်ပြီ အခန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရောက်းချခဲ့တာဖြစ်ပါတယ် ။ အဆိုပါစီမံကိန်းကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အမှတ် (၄၂)ရပ်ကွက် ၊ ဗိုလ်မင်းရောင်လမ်းနဲ့ ဦးရွှေကြူးလမ်းကြားမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပါတယ် ။
မြရည်နန္ဒာအိမ်ရာစီမံကိန်း
သည်စီမံကိန်းကိုတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စီမံကိန်းအပိုင်း(၁)အားလုံးပြီးစီးနေပြီဖြစ်ပြီး အပိုင်း(၂)ကတော့ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါတယ် ။ အပိုင်း (၁)ကိုတော့ မြေ ၁၀.၂၈ ဧကပေါ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အပိုင်း (၂) ကိုတော့ မြေဧက ၈.၂၁ ဧကပေါ်မှာ ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပါတယ် ။ အခန်းတွေကတော့ လေးခန်းတွဲတိုက်တွေဖြစ်ပြီး အလုံးပေါင်း ၂၇ လုံးကို အပိုင်း (၁) ဆောက်လုပ်နေပြီ အဆောက်အအုံ ၂၈ လုံးကို အပိုင်း(၂)မှာ ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပါတယ် ။
Credit: The Modern