ဗဟိုဘဏ်လုပ်ဆောင်ချက်ပြောင်းလဲမှသာ ငွေကြေးဈေးကွက်ကို ထိန်းနိုင်မည်ဟု ဆို

ဗဟိုဘဏ်လုပ်ဆောင်ချက်ပြောင်းလဲမှသာ ငွေကြေးဈေးကွက်ကို ထိန်းနိုင်မည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
21 Jul 2016 10:07 am တွင် တင်ခဲ့သည်
1593 ကြိမ် ကြည့်ရှု့ပြီး
အရပ်သားအစိုးရလက် ထက်တွင် မြန်မာငွေတန်ဖိုးတက် လာသော်လည်း အမေရိကန်ဒေါ် လာနှင့် ကျပ်ငွေလဲနှုန်းကို တည် ငြိမ်အောင်မထိန်းနိုင်သဖြင့် ဗဟို ဘဏ်၏ လုပ်ဆောင်ချက်များကို ပြောင်းလဲပြင်ဆင်ရန် လုပ်ငန်းရှင် အချို့က အကြံပြုပြောကြားသည်။ဗဟိုဘဏ်သည် ငွေလဲနှုန်းသတ်မှတ်ရာတွင် ပုဂ္ဂလိကဘဏ် များ၏ လေလံဈေးကွက်၌ အဆိုပြုနှုန်းထားကို တရားဝင်ရည် ညွှန်းငွေလဲနှုန်းအဖြစ် သတ်မှတ် ခြင်းဖြစ်သည်။ ထိုသို့ဈေးနှုန်း သတ်မှတ်မှုသည် ပုဂ္ဂလိကဘဏ် များက သတ်မှတ်သည့် ဈေးနှုန်းမျိုးဖြစ်နေပြီး ဗဟိုဘဏ်က ကြားဝင်မထိန်းသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။ ဗဟိုဘဏ်က ဈေးနှုန်းသတ် မှတ်သော်လည်း ပြင်ပတရားမ၀င် ဈေးကွက်ကသာ ဦးဆောင်နေသ ဖြင့် ထိန်းပေးနိုင်ခြင်းမရှိကြောင်း ၎င်းတို့က ပြောသည်။

‘‘ဈေးကွက်က အတက်အကျအရမ်းများတော့ လုပ်ငန်းလုပ်တဲ့ အခါမှာ စွန့်စားပြီးလုပ်နေရတယ်’’ဟု မြန်မာနိုင်ငံစက်သုံးဆီတင် သွင်းရောင်းချသူများအသင်း အ တွင်းရေးမှူး ဦးဝင်းမြင့်က ပြော ကြားသည်။

ဗဟိုဘဏ်သည် နိုင်ငံ၏ ငွေ ကြေးမူဝါဒကို အဓိကကိုင်တွယ်ရ သည့် အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ ဒီချုပ်အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်လည်း ဗဟို ဘဏ်အား လွတ်လပ်ခွင့်ပိုပေးမည် ဟု ဖော်ပြထားသည်။ သို့သော် အစိုးရ၏ ရက်တစ်ရာစီမံချက်ပြီးသည်အထိ ဗဟိုဘဏ်ကို ပြန်လည်မဖွဲ့စည်းနိုင်သေးဘဲ ယခင်အစိုးရ လက်ထက်အတိုင်း ပြည်ပငွေ ကြေးဈေးကွက် ထိန်းနိုင်ခြင်းမရှိသေးကြောင်း လုပ်ငန်းရှင်အချို့က ဝေဖန်နေသည်။

‘‘ငွေကြေးမူဝါဒကို ချမှတ် မယ့် ဗဟိုဘဏ်နဲ့ပတ်သက်ပြီး ဘာမှ တိတိကျကျမသိရသေးဘူး။ ဗဟိုဘဏ်က တိုင်းပြည်စီးပွားရေး အတွက် အဓိကကျတယ်’’ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောသည်။

မြန်မာကျပ်ငွေတန်ဖိုးသည် အစိုးရသစ်လက်ထက်တွင် မြင့် တက်လာပြီး ပြင်ပဈေးကွက်၌အမေရိကန် တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်အောက်သို့ ကျဆင်း လာသည်။ ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းသည် ရက်ပိုင်းအတွင်း အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ပြီး ပြင်ပဈေးကွက်၌ တစ်ရက်အတွင်း ၁၀၊ ၁၅ ကျပ်အပြောင်းအ လဲရှိကြောင်း ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

ဇူလိုင် ၂၀ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၁၈၃ ကျပ်ဈေးရှိပြီး ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၈၃၅,၀၀၀ ကျပ် ကျော်ဈေးဖွင့်ထားသည်။ ဗဟိုဘဏ်က သတ်မှတ်သော တရားဝင်ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁,၁၇၉ ကျပ်ရှိသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၆၉ သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်လာ...

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...

[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...

မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

Expo Singapore
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service