ပြည်ပကနေလတ်တလောစိတ်ဝင်စားမှုမြင့်တက်နေတဲ့
ရင်းနှီးမြှုပ်နှံမှုကဏ္ဍကတော့ရန်ကုန်မြို့ပြတည်ဆောက်ရာမှာ အရေးပါတဲ့အခြေခံအဆောက်အအုံတွေလို့မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ကသိရပါတယ် ။
‘ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့
ယာဉ်ကြောကျပ်တည်းမှုပြသနာ၊အမှိုက်စွန့်ပစ်မှုပြသနာ၊စည်းကမ်းမဲ့မော်တော်ယာဉ်လိုင်းတွေပြသနာနဲ့ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးကိုအလေးပေးဆောင်ရွက်ဖို့ပြည်ပလုပ်ငန်းရှင်စီးပွားရေးသမားတွေနဲ့တွေ့ဆုံညှိနှိုင်းတာတွေလုပ်နေပါတယ် ၊လတ်တလောမှာအမ်အိုင်စီကိုလာပြီးလျှောက်တဲ့စင်ကာပူ ၊ဟောင်ကောင် ၊တရုတ်နဲ့ ဂျပန်ကုမ္ပဏီတွေက ရန်ကုန်ရဲ့အခြေခံအဆောက်အအုံကဏ္ဍအတွက် များနေပါတယ်’လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးဦးမျိုးမင်းကပြောပါတယ် ။
စင်ကာပူ၊ဂျပန်နဲ့တရုတ်ကုမ္ပဏီတွေအနေနဲ့
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်လိုပါတယ် ။ရန်ကုန်မြို့ပြအတွက် အဓိကပြသနာတစ်ခုဖြစ်တဲ့အမှိုက်သိမ်းစနစ်အတွက် ပုဂ္ဂလိကပြည်တွင်းလုပ်ငန်းတွေနဲ့အတူ စင်ကာပူနိုင်ငံကပူးပေါင်းဆောာင်ရွက်ဖို့ဆွေးနွေးနေတယ်လို့ သိရပါတယ် ။ခရီးသည်ပို့ဆောင်ရေးကဏ္ဍမှာလည်း ၊ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး အဆင့်မြင့်ဘတ်စ်ကားတွေကို ပြေးဆွဲပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တင်ပြဆောင်ရွက်နေပါတယ် ။
စင်ကာပူနဲ့ဟောင်ကောင်ကုမ္ပဏီတွေကရန်ကုန်မြို့ရဲ့တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးကဏ္ဍမှာ အစိုးက ၊ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး အကျိုးတူဆောင်ရွက်ဖို့စီစဉ်နေပါတယ် ။ဂျပန်နိုင်ငံကနည်းပညာကုမ္ပဏီတစ်ခုကတော့ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုအတွက် (၂၄)နာရီစောင့်ကြည့်ကင်မရာတွေအသုံးပြုပြီးကူညီဖြေရှင်းတဲ့ဝန်ဆောင်မှုဆောင်ရွက်နိုင်ဖို့တင်ပြထားတယ်လို့
သိရပါတယ် ။
လက်ရှိအချိန်မှာတော့ ပြည်ပကရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရန်ကုန်မြို့ရဲ့အဆောက်အအုံနဲ့လမ်းတံတားကဏ္ဍတွေသာမကဘဲ အခြားဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ လျှပ်စစ်ကဏ္ဍ ၊ရေပေးဝေမှုကဏ္ဍ နဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာပါ စိတ်ပါဝင်စားပြီးရင်းနှီးမြှုပ်နှံချင်တယ်လို့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ် ။
Credit :The Kumudra