ပြည်တွင်းရွှေဈေးရော ကမ္ဘာ့ရွှေဈေးပါ အကျဘက်ကို ဦးတည်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးကျနေပေမဲ့ ပြည်တွင်းရွှေဈေး မာနေသေးတာက ဒေါ်လာငွေဈေး တတ်လာတာကြောင့် ဖြစ်ပါတယ်။ကမ္ဘာ့ရွှေဈေးက အရင်တစ်ပတ်ကထက် တစ်အောင်စကို ၁၀ဒေါ်လာ ဝန်းကျင်ဈေးကျနေပါတယ်။
ပြည်တွင်းရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ်၂၀၀၀ ဝန်းကျင် ဈေးကျနေတာပါ။
ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ‘ရွှေဈေးကတော့ အကျဘက်ကိုရောက်ဖို့ များတယ်၊ ပြည်တွင်းရွှေဈေး မာနေသေးတာကလဲ ဈေးကွက်အခြေအနေနဲ့ ငွေဈေးကြောင့်ပါ၊ ပြည်တွင်းရွှေဈေးက ကျပ်၈၂၀,၀၀၀ လောက်ကို ပြန်ဆင်းနိုင်ခြေရှိတယ်’ လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် အပိတ်ဈေးမှာ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၃၆,၀၀၀ ရှိခဲ့တယ်။ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၃၃၇ ဒေါ်လာရှိခဲ့ပါတယ်။
သည်နေ့ ဈေးပြန်ဖွင့်ရက်မှာတော့ တစ်နေ့တာ အပိတ်ဈေးအဖြစ် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၃၂၇ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၃၄,၅၀၀ ရှိပါတယ်။
မနက်ပိုင်းဈေးထက် ကမ္ဘာ့ရွှေဈေးက တစ်ဒေါ်လာလောက် ဈေးထပ်ဆင်းပြီး ပြည်တွင်းရွှေဈေးကတော့ ကျပ် ၁၀၀၀ ဝန်းကျင်ဈေးတတ်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
Credit: Kumudra