ပြည်တွင်းရွှေဈေးကသည်ရက်ပိုင်းတွေမှာအတက်ဈေးကနေကျပ်(၁၀,၀၀၀)ဝန်းကျင်ဈေးပြန်ကျနေပြီးကမ္ဘာ့ရွှေဈေးကတော့ငါးဒေါ်လာဝန်းကျင်ဈေးပြန်ကျနေတယ်လို့ဈေးကွက်အတွင်းကသိရပါတယ် ။
ကမ္ဘာ့ရွှေဈေးကသည်ရက်ပိုင်းတွေမှာ တစ်အောင်စကို ငါးဒေါ်လာဝန်းကျင်အတက်အကျဖြစ်နေတာပါ ။ပြည်တွင်းရွှေဈေးကတော့ တစ်ကျပ်သားကို
ကျပ်(၈၃၀,၀၀၀)ကျော်မှပဲဈေးအပြောင်းအလဲဖြစ်နေတာလို့သိရပါတယ် ။
ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ‘ကမ္ဘာ့ရွှေဈေးကျတယ်ဆိုပေမဲ့ဒေါ်လာဈေးပြန်တက်နေတော့ ပြည်တွင်းရွှေဈေးကငြိမ်နေတာပါ၊အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်းကမတိုးနိုင်တဲ့အခြေအနေရှိနေတော့ရွှေဈေးကခန့်မှန်းရခက်တဲ့အနေအထားဖြစ်တယ်’လို့ပြောပါတယ် ။
သည်နေ့မှာပြည်တွင်းရွှေဈေးကတစ်ကျပ်သားကို ကျပ် (၈၃၆,၁၀၀)ရှိပြီးကမ္ဘာ့ရွှေဈေးက တစ်အောင်စကို (၁၃၃၈)ဒေါ်လာရှိပါတယ် ။ငွေဈေးကတော့ (၁၁၈၃)ကျပ်ရှိပါတယ် ။
Credit :The Kumudra