အိမ်ခြံမြေဈေးကွက် အရောင်းခက် အဝယ်ခက် ဖြစ်နေ

အိမ်ခြံမြေဈေးကွက် အရောင်းခက် အဝယ်ခက် ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
19 Jul 2016 9:58 am တွင် တင်ခဲ့သည်
2416 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိမှာ အိမ်ခြံမြေတွေကို ဈေးလျှော့ရောင်းနေကြတဲ့သူတွေကတခြားလုပ်ငန်းပြောင်းလုပ်သူတွေ နဲ့ ငွေမလည်နိုင်သူတွေများပြီး အိမ်ခြံမြေဈေးကွက်က အ ရောင်ခက်၊အဝယ်ခက်ကာလဖြစ်နေတယ်လို့ အကျိုးဆောင်တချို့ဆီကသိရပါတယ်။

ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက‘ဈေးကျတာမဟုတ်ဘူး၊ ဈေးလျှော့ရောင်း ကြတာပါ၊ဒီကာလကိုပြောရရင် အရောင်းခက် ၊အဝယ်ခက်ကာလတွေပဲ ငွေနိုင်တဲ့သူတွေ ဝယ်ရောင်းပဲလုပ်နေတဲ့သူတွေကတော့ ရောင်းတာနည်းတယ်၊ ငွေ မလည်တဲ့သူတွေ လုပ်ငန်းပြောင်းပြီး ရင်းနှီးချင်တဲ့ သူတွေပဲ ဈေးလျှော့ရောင်း နေကြတာ၊ တကယ်တမ်းတော့ ဈေးမကျ ပါဘူး”လို့ ဈေးကွက်မှာဖြစ်နေတာကို ရှင်း ပြပါတယ်။

အရောင်းခက်တယ်ဆိုတာက အရင်ကကျပ်သိန်း ၃၀ဝ တန်ကို သိန်း ၂၈၀ လောက် နဲ့ ရောင်းမယ်ပြောရင်ဝယ်သူရှိ တယ်။ အခုက ကျပ်သိန်း ၂၀ဝ လောက်နဲ့ ရောင်း မယ်ဆိုတာ တောင် အဝယ်မရှိ တော့ တာမျိုး ဖြစ်တယ်လို့ ပြော ပါတယ်။ ရောင်း နေကြတဲ့သူတွေက ဝယ် ရောင်းသ မားကြီး တွေထက် ဝယ်ရောင်းသမားလေးတွေနဲ့ ခုချိန်ရောင်းတာတောင် မြတ်နေတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဝယ်ကြတဲ့သူတွေကတော့ ငွေတတ်နိုင်တဲ့ အိမ်ခြံမြေ အ ရောင်းအဝယ် ကျွမ်း ကျင်သူတွေ ဈေးကောက် နေတာဖြစ် တယ်လို့ သိရပါတယ်။

အိမ်ခြံမြေဈေးနဲ့ပတ်သက်လို့ အများစုက ဈေးကွက်ပူဖောင်း ပေါက်တော့မလား ဆိုတဲ့အတွေး တွေနဲ့ အမေးတွေရှိနေပါတယ်။ တချို့ကတော့ ဈေးကွက်ပျက်နေတယ်။ ဈေးကွက် ပြန်ကောင်းလာရင်တောင် ပုံမှန်ဈေးတန်းနဲ့ဈေး ကွက်ပဲ ဖြစ် နိုင်တယ်လို့ ခန့်မှန်းကြ တာရှိတယ်။ တချို့ကတော့ ဈေးကွက်ပြန်ကောင်းလာတော့မှာ ပူဖောင်းပေါက်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်စရာမရှိဘူးလို့ ပြောကြတာတွေလည်းရှိပါတယ်။ မြန်မာ့အိမ် ခြံမြေဈေးက လက်ရှိအချိန်ကာလ အထိ အမြင့် ရောက်နေတာကြောင့် ပဲဖြစ်ပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦး ကြည်လင်းက ‘အရှုံးခံပြီးရောင်းရ လောက်အောင် ဈေးကမကျပါ ဘူး၊ အရမ်းရောင်းချင်သူတွေ ဈေးလျှော့ရောင်းနေလို့သာ ဈေး ကျ နေ တာ၊ မြို့ထဲပိုင်းတွေ ပိုဆိုး တယ်၊ဈေးလျှော့ရောင်းမလား မေးကြည့် ဗိုက်နာနေတဲ့သူတွေ လောက်သာ ရောင်းမှာ၊ ဘယ်သူမှ ဈေးလျှော့ မရောင်း ဘူး၊ ဈေးကွက် အခုဖြစ်နေသလို ဟိုအရင်တွေကလဲ ဖြစ်ခဲ့ဖူးတာပဲ၊ ပြီးရင်ဈေးကွက်က ပြန်ပြီး လည်ပတ်လာတာ အတွေ့အကြုံ ရှိသူတိုင်း သိပါတယ်”လို့ ပြောပါ တယ်။

အိမ်ခြံမြေဈေးကွက်ကျွမ်း ကျင်သူတွေနဲ့ လုပ်ငန်းအတွေ့အ ကြုံရှိသူတွေ တိုင်းကတော့ ဈေး ကွက်ထဲမှာ မလိုအပ်ဘဲ ဈေးချပြီး အရှုံးခံရောင်းနေစရာမလိုဘဲ အ ချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းနိုင်ရင် ဈေးကွက် ပြန်ကောင်း လာမှာပဲ လို့ ပြောပါတယ်။ တချို့ ကလည်း အိမ်ခြံ မြေ ဈေးကွက်ကို လက်ရှိအခြေအနေအရ အခွန်နဲ့ ထိန်းချုပ်မယ့် အလားအလာရှိတယ် လိုခန့်မှန်းကြပါတယ်။

ဝါရင့်အကျိုးဆောင်ဦးကျော်စွာက ‘အိမ်ခြံမြေက ဈေးကွက် အေးနေတဲ့ကာလမှာတောင် ဣနြေ္ဒရနေဆဲပါပဲ၊ဈေး ကွက် ပြန်ကောင်းလာဖို့ဆို တစ်နှစ်လောက်ဆို သိသာလာမှာပါ˘လို့ ပြောပါ တယ်။

ဈေးကွက်ပြန်လည်ပတ်နိုင် မယ့် အကြောင်းတွေကတော့ ရပ်တန့်နေသေးတဲ့ စီမံကိန်းတွေ ပရောဂျက်တွေနဲ့ ဝင်ရောက်လာဖို့ ရှိတဲ့နိုင်ငံခြားလုပ်ငန်းတွေ၊ နိုင်ငံတကာက ဝင်ရောက်လာမှာတွေ ရှိနေတာကြောင့် အိမ်ခြံမြေဈေး ကွက်က ပြန်လည်ပတ်လာမှာလို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၆၉ သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်လာ...

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...

[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...

မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

Magical World Apartment
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service