မြို့တွင်းတိုက်ခန်းအများစု ပြန်လည်ပြုပြင်မွမ်းမံပြီး နိုင်ငံခြားသား အငှားသီးသန့်တင်လာတာတွေ ရှိတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
“အခန်းငှားခက သာမန်အတိုင်းဆို မြို့ထဲမှာ နှစ်သိန်းလောက် ပေါက်တယ်၊ ပြန် ပြင်ဆင်ပြီး နိုင်ငံခြားသားတင်ရင် အနိမ့် ဆုံး လေးသိန်းလောက်ရတော့ နိုင်ငံခြားအ ငှားကို အားသန်လာကြတယ်”လို့ မြို့တွင်း အိမ်ခြံမြေအကျိုးဆောင် အန်တီမြက ပြော ပါတယ်။
တချို့နေရာတွေမှာ အိမ်တွင်းပစ္စည်းတွေပါ တစ်ပါတည်း ထည့်သွင်းငှားရမ်း တာတွေ ရှိသလို အိမ်တွင်းပိုင်းအဆင့်မြင့် တင်ပြီးငှားရမ်းတာတွေလည်း ရှိပါတယ်။ အခန်းဈေးနှုန်းတွေကတော့ ပရိဘောဂပါ ဝင်တဲ့ အခန်းတွေနဲ့ ရိုးရိုးအခန်းဈေးနှုန်းက ကျပ် တစ် သိန်းလောက် ဈေးနှုန်းက∑ာခြား ပါတယ်။ ဒါ့အပြင် ပရိဘောဂ ပါဝင်တဲ့ ကွန်ဒို တိုက်ခန်းတွေကိုလည်း ငှားရမ်းလာ ကြ ပြီး အခန်းငှားခနဲ့ အကျိုးဆောင်ခတွေ ကို တော့ ပုံမှန်အခန်းငှားရမ်းသလို တစ်လ စာ သတ်မှတ်ထားပါတယ်။
ငှားရမ်းသူ နိုင်ငံခြားသားတွေအတွက် ပိုင်ရှင်အနေနဲ့ ဧည့်စာရင်းနဲ့ ပတ်သက်ပြီး ရပ်ကွက်ရုံးမှာ ထောက်ခံချက် လုပ်ဆောင် ပေးရပြီး ပိုင်ရှင်အနေနဲ့ ပြည်တွင်းက ငှား ရမ်းသူတွေ ထက် ပိုမိုတာဝန်ခံရတာတွေ ရှိပါတယ်။
နိုင်ငံခြားသား အငှားဈေးနှုန်းတွေကတော့ နေရာတိုင်းလိုလိုမှာ ကျပ်လေးသိန်း ဝန်းကျင်လောက် ဈေးနှုန်းရှိနေပြီး လုံးချင်း တိုက်တွေရဲ့ ဈေးနှုန်းတွေကတော့ ကျပ် ၁၀ သိန်းဝန်းကျင်လောက်အထိ ဈေးကွက် ရှိတယ်လို့ သိရပါတယ်။
Credit: The Kumudra