ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အဆောက်အအုံဆောက်လုပ်ခွင့်အမှုတွဲတွေ ပြန်ခွင့်ပြု တဲ့ သည်လ ၁ ရက်နေ့က ၁၁ ရက်နေ့အထိ အဆောက်ဦးတည်ဆောက်ဖို့ လျှောက်တဲ့ အမှုတွဲ ၇၆ မှုရှိတယ် လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကသိရပါ တယ်။
အထပ်နိမ့်သုံးထပ်ခွဲနဲ့အထက်တည် ဆောက်ခွင့်လျှောက်ထားတဲ့ အမှုတွဲ ၄၀ ရှိပါတယ်။ အဆိုပြုလွှာ (proposal) အောင်ပြီး ပုံစံကြီးတင်ပြီး အထပ်မြင့်လေး ထပ်ကနေ ရှစ်ထပ်ခွဲအထိ ၃၆ လုံးရှိတယ် လို့ သိရပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန(အဆောက် အအုံ) က ဌာနမှူး ဦးသန်းဌေးက ‘ဒီ ၁ ရက်နေ့ကနေအထပ်နိမ့်နဲ့ ကိုယ်ပိုင်အိမ်တွေကို ပြန်လက်ခံနေတယ်၊အထပ်မြင့်တွေကိုတော့အမှုတွဲဟောင်းတွေ
ဖြတ်ပြီးမှ အသစ် လက်ခံသွားမယ်” လို့ပြောပါတယ်။
အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှာပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်တင်ထားတဲ့ အမှုတွဲဟောင်း ရာဂဏန်းရှိနေပြီးသည်အမှုတွဲဟောင်းတွေကို စည်ပင်သာယာကော်မတီဝင်သစ် တွေကိုတင်ပြပြီး
တည်ဆောက်ခွင့်ချပေးနေ တာ ဖြစ်ပါတယ်။ အထပ်မြင့် ငါးထပ်ကနေ ရှစ်ထပ်ခွဲအထိ ပါဝင်တယ်လို့ သိရပါတယ်။
အမှုတွဲအသစ်ကိုတော့ ကိုယ်ပိုင်အိမ် ဆိုရင်အထပ်မြင့်လေးထပ်အထိနဲ့ ကန်ထရိုက်တိုက်ခန်းတွေကိုတော့ သုံးထပ်အထိပဲ တင်ခွင့်ပြုထားပါတယ်။
လက်ရှိ စည်ပင်သာယာရေးကော်မတီ က ရန်ကုန်မြို့အတွက် အဆောက်အအုံ တည်ဆောက်ခွင့်မူက လက်ရှိ ရန်ကုန်မြို့ အနေအထားနဲ့ မကိုက်ညီတော့တာ ကြောင့် အသစ်ပြန်လည်ရေးဆွဲတာဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ အစိုးရ
လက်ထက်က တင်ထားတဲ့ အမှုတွဲဟောင်းတွေကိုလည်း မူဟောင်း နဲ့ခွင့်ပြုမိန့်ချပေးမှာဖြစ်ပါတယ်။
မူဝါဒအသစ်ကိုလည်း အများပြည်သူ သိရှိအောင် သတင်းစာစတဲ့ သတင်းမီဒီ ယာတွေကနေ ကြော်ငြာပေးမှာဖြစ်ပါ တယ်။ လက်ရှိအစိုးရသစ်လက်ထက်မှာ အဆောက်အအုံတည်ဆောက်တဲ့ မူဝါဒ အသစ်ရေးဆွဲတာ၊ အထပ်မြင့်အဆောက် အအုံတွေကို ပြန်စိစစ်တာတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကနေ ဦးဆောင်ပြီး စိစစ် ဆောင်ရွက်နေပါတယ်။
အဆောက်အအုံတွေ ပြန်လည်စိစစ်ဖို့ အတွက် လက်ရှိကျင့်သုံးနေတဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကျောရိုးယူပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ မူဝါဒသစ် ရေးဆွဲမှာဖြစ်ပါတယ်။ အဆောက်အအုံဆောက်လုပ်ခွင့်မူဝါဒသစ်က အကြမ်းဖျင်းရေးဆွဲလို့ပြီးပြီလို့ သိရပါတယ်။
Credit: The Kumudra