တရုတ်တွင် ယခုနှစ်၏ ပထမနှစ်ဝက်အတွင်း အိမ်သစ်ရောင်းအားသည် နှုန်းအားဖြင့်နှေးကွေးသော်လည်း ဆက်လက်မြင့် တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်ဇန်နဝါရီမှ ဇွန်အထိ ခြောက်လအတွင်း အစိုးရမတည်သောအိမ်ရာများမှအပ အိမ်သစ်ရောင်းအားသည် ၄ ဒသမ ၁၈ ထရီလျံ(အမေရိကန်ဒေါ်လာ ၆၂၄ ဘီလျံ) ရှိခဲ့သည်။ ယင်းသည် ယခင်နှစ်ထိုကာလကထက် ၄၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ပထမငါးလတာကမူ ယခင်နှစ်ပထမငါးလတာကထက် ၅၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ်ပထမလေးလတာ၏ ရောင်းအားသည်လည်း ယခင်နှစ်ပထမလေးလတာကထက် ၆၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်ဖြစ်ရာ ထို ၄၄ ဒသမ ၄ ရာခိုင်နှုန်းသည် အနည်းငယ်နှေးကွေး ကျဆင်းသောနှုန်းဖြစ်သည်။
"ရောင်းအားမြင့်တက်နှုန်း နည်းနည်းနှေးကွေးပေမယ့်လည်း ယေဘုယျအားဖြင်းတော့ ဝယ်လိုအားကောင်းနေပါတယ်" ဟု Shanghai Centaline အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။ ယင်းသည်လည်း ပထမတန်းစားနှင့် ဒုတိယတန်းစားမြို့များတွင်ဖြစ်ပြီး တတိယတန်းစားမြို့များတွင် ဝယ်လိုအား တည်ငြိမ်နေကြောင်းလည်း သူက ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)