တရုတ်အိမ်ခြံမြေကဏ္ဍတွင် ယခုနှစ်ပထမနှစ်ဝက်အတွင်း ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ထိုကာလကထက် ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း လူနေအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ပထမခြောက်လ ကထက် ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ်ပထမခြောက်လ စုစုပေါင်းအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု၏ ၆၆ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်းလည်း ထိုစာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့သည်။
ထိုကာလအတွင်း စုစုပေါင်းအိမ်ခြံမြေရောင်းအားလည်း ကျဆင်းခဲ့သည်။ သို့သော် နိုင်ငံတစ်ဝန်း မရောင်းထွက်သေးသော အိမ်ခြံမြေ ကြမ်းခင်းဧရိယာသည် ဆက်လက်ကျဆင်းခဲ့ပြီး တရုတ်၏ လက်ကျန်ကုန်မရှိရေး ကြိုးပမ်းမှုများအတွက် ကောင်းမွန်သော လက္ခဏာများ ပြသခဲ့သည်။ တရုတ်တွင် ယခုနှစ်ဇွန်လကုန်အထိ မရောင်းချရသေးသည့် အိမ်ခြံမြေ စတုရန်း မီတာ ၇၁၄ ဒသမ ၆၁ သန်း ကျန်ရှိနေသေးသည်။ ယင်းပမာဏသည် မေလကုန်အထိ ကျန်ရှိနေသေးပမာဏအောက် စတုရန်းမီတာ ၇ ဒသမ ၅၃ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း အိမ်ခြံမြေရောင်းအားအား ရောင်းချရမှုဧရိယာနှင့်ကြည့်ပါက ရောင်းအားသည် ယခင်နှစ်ထိုခြောက်လကထက် ၂၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဇွန်လကိုထည့်မတွက်ဘဲ ယခုနှစ် ပထမငါးလနှင့် ယခင်နှစ်ပထမငါးလချင်းယှဉ်ကြည့်ပါက ယခုနှစ်ပထမငါးလတွင် ယခင်နှစ်ပထမငါးလကထက် ၃၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့
သည်ဖြစ်ရာ ထို ၂၇ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သော ခြောက်လတာမြင့်တက်မှုသည် ငါးလတာမြင့်တက်မှုနှုန်းအောက် လျော့နည်းကျဆင်းခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)