ရှမ်းကလေးကျွန်းအပါ အဝင် မန္တလေးမြို့ ဧရာဝတီမြစ် ကမ်းတစ်လျှောက်ရှိ မြေနုကျွန်း နှင့် ကိုင်းကျွန်းမြေများအပါအဝင် မြေဧက ၂,၅၀၀ ပေါ်တွင် စီးပွား ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်၏ Mandalay Business Capital City Development Co.,Ltd က မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းဟု အမည်ပေးထားသည့် ယခုစီမံကိန်းကို ယခင်အစိုးရ လက်ထက် မတ်လ ၁ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီနှင့် Man-dalay Business Capital City Development Co.,Ltd တို့ သဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီကစီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ရန် စီစဉ်ခြင်းဖြစ် သည်။
ရှမ်းကလေးကျွန်းအပါအ ဝင် မန္တလေးမြို့ ကန်တော်ကြီးဝန်း ကျင်နှင့် ရတနာပုံတံတားအနီး ဝန်းကျင်ရှိ ဧရာဝတီမြစ်ကမ်းတစ် လျှောက် မြေနုကျွန်း၊ ကိုင်းမြေ၊ ကျွန်းမြေနှင့် ရွာမြေများပါဝင်ပြီး ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ပြစီမံကိန်းအဖြစ် အကောင်အထည် ဖော်ရန် စီစဉ်ခြင်းဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်း ရေးမှူး ဦးသက်နိုင်ထွန်းက ပြော သည်။
‘‘စီမံကိန်းက ကျယ်ပြန့်ပါ တယ်။ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မှာပါ။ ကောင်းတဲ့ရည် ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်’’ ဟု ဦးသက်နိုင်ထွန်းက ပြော သည်။
တိုင်းအစိုးရအဖွဲ့က စီမံ ကိန်းဆောင်ရွက်နိုင်ရန် ခွင့်ပြုပေး ထားခြင်းသာဖြစ်ပြီး ဒေသခံများ နှင့် မြေယာကိစ္စညှိနှိုင်းခြင်းအပါ အဝင် အခြားလိုအပ်သည်များကို ကုမ္ပဏီက လုပ်ဆောင်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ရှမ်း ကလေးကျွန်းနှင့် နံကပ်အင်းတို့ ကို မြို့ပြစီမံကိန်းအဖြစ် စတင် လုပ်ဆောင်မည်ဟု ဦးသက်နိုင် ထွန်းက ပြောသည်။
စီမံကိန်းအကောင်အထည် ဖော်မည့်နေရာများတွင် ဧရာဝတီ မြစ်ရေမြုပ်ဧရိယာများပါဝင်ပြီး ယင်းနေရာများကို မြေနုကျွန်း များအဖြစ် ဖော်ထုတ်ကာ အိမ်ရာများ၊ ဈေးဝယ်စင်တာ၊ ဟိုတယ်၊ဆေးရုံစသည့် အဆောက်အအုံများ တည်ဆောက်မည်ဖြစ်သည် ဟု Mandalay Business CapitalCity Development Co.,Ltd ၏မန်နေဂျင်း ဒါရိုက်တာ ဦးစံဖုန်း တင့်က ပြောကြားထားသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်း အကောင်အထည်ဖော်ခြင်း ဆိုင်ရာများအတွက် Mandalay Business Capital City Develo- pment Co.,Ltd က သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့များ၊ ပညာရှင်များနှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်း များနှင့် ဇူလိုင် ၁၄ ရက်က မန္တလေးစွမ်းဟိုတယ်တွင် တွေ့ဆုံဆွေး နွေးခဲ့သည်။
ဧရာဝတီမြစ်ကမ်းတစ် လျှောက်ရှိ မြေနုကျွန်းနှင့် ကိုင်း ကျွန်းမြေများကို မြေဖို့ကာ မြို့ပြ စီမံကိန်းအကောင်အထည်ဖော် မည်ဆိုသော်လည်း ကုမ္ပဏီအနေ ဖြင့် လက်ရှိအချိန်အထိ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးအရ အ ကျိုးသက်ရောက်နိုင်မှုအခြေအ နေ စသည်တို့ကို စစ်တမ်း ကောက်ယူထားသည့် EIA, SIA အစီရင်ခံစာတို့ကို ထုတ်ပြန်နိုင် ခြင်းမရှိသေးဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မန္တလေးမြို့ ခံ အရပ်ဘက်အဖွဲ့အစည်းအချို့ မှ တာဝန်ရှိသူများက ပြောသည်။
‘‘ဒီစီမံကိန်းက ဧရာဝတီမြစ် ဝှမ်းထဲမှာ လုပ်ကိုင်မယ့်အခြေအ နေဖြစ်ပြီး မန္တလေး၊ အမရပူရ၊ အင်းဝ စတဲ့မြို့ဟောင်းကြီးသုံးမြို့ နဲ့ ဆက်စပ်တယ်။ သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှု တွေများနိုင်တဲ့အတွက် တိုင်းအစိုး ရအဖွဲ့အနေနဲ့လည်း လုပ်သင့်၊ မလုပ်သင့် သေချာစိစစ်သင့်ပါ တယ်’’ဟု မန္တလေးမြို့ စိမ်းရောင် စို Activities မှ ဦးမောင်မောင်ဦး က ပြောသည်။
စီမံကိန်းအကောင်အထည် ဖော်ရာတွင် ဒေသခံများပိုင်ဆိုင် သည့် မြေယာများကို ကုမ္ပဏီမှ မြို့မြေ၊ ဂရန်မြေအဖြစ် ထုတ်ပေး မည်ဖြစ်၍ ဒေသခံအချို့က သဘောတူလက်ခံကြသည်ဟု သိရသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းအား ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ၊ နိုင်ငံတကာစံချိန်စံနှုန်း များနှင့်အညီ လုပ်ကိုင်ဆောင်ရွက် မည်ဖြစ်ပြီး ၂၀၁၇ တွင် စတင်နိုင် ရန် ရည်မှန်းထားကာ စီမံကိန်း တစ်ခုလုံးကို ၁၀ နှစ်အတွင်း အပြီးတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း Mandalay Business Capital City Develo-pment Co.,Ltd ၏ ဒါရိုက်တာ ဦးမောင်ဝိတ်က ဇူလိုင် ၁၄ ရက် ၌ သတင်းမီဒီယာများအား ပြော ကြားခဲ့သည်။
Credit: 7DayDaily