ထိုင်းအခြေစိုက်အိမ်ခြံမြေ၀က်ဘ်ဆိုက်တစ်ခုမှ ပြုလုပ်သော သုတေသန စစ်တမ်းတစ်ရပ်အရ ဘန်ကောက်မြို့ အချက်အခြာကျသော နေရာများတွင် ပြန်ရောင်း
ကွန်ဒိုဈေးကွက် အားကောင်းလျက်ရှိကြောင်း ဖော်ပြသည်။
ပြန်ရောင်းကွန်ဒိုခန်းများ၏ ဈေးနှုန်းမှာ ကွန်ဒိုခန်းသစ်များ၏ ဈေးနှုန်းအောက် များစွာနည်းပါးခြင်းကြောင့် ယခုကဲ့သို့ ဈေးကွက်အားကောင်းခြင်း ဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သော လေးနှစ်တာကာလမှစတင်ကာ ရင်းနှီးမြှုပ်နှံသူအများအပြားသည် ဘန်ကောက်၏ ပြန်ရောင်းကွန်ဒိုဈေးကွက်ကို ပစ်မှတ်ထားလာကြသည်။
ဘန်ကောက်ပြန်ရောင်းကွန်ဒိုများသည် အခန်းသစ်များအောက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းသက်သာလေ့ရှိသည်။
“ကွန်ဒိုခန်းသစ်နဲ့ ပြန်ရောင်းအခန်းတွေကြား
ဈေးနှုန်းဘယ်လောက်ကွာလဲဆိုတာက နေရာအပေါ်မှာ မူတည်ပါတယ်။ မြေရှားပါးတဲ့ မြို့လယ်လိုနေရာမျိုးမှာဆိုရင် ကွာခြားချက်ကြီးမားတယ်”ဟု အဆိုပါအိမ်ခြံမြေ၀က်ဘ်ဆိုက်မှ MD ဖြစ်သူ ပွန်မီပက်ခ် ဂျူမာနီချိုတီက ပြောကြားသည်။
ဘန်ကောက်မြို့လယ်မြေဈေးနှုန်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကထက် အဆပေါင်း ၄၇ ဆခန့် မြင့်တက်လာကြောင်း ထိုင်းအိမ်ခြံမြေရေးရာအေဂျင်စီက ထုတ်ပြန်သည်။
ဘန်ကောက်ရှိ စီးပွားရေးလုပ်ငန်းများအခြေစိုက်ရာ နယ်မြေမှာ ဈေးနှုန်းမြင့်တက်မှုအကြီးမားဆုံးဖြစ်ပြီး နှစ်စဉ် ၃၇ ဒသမ ၁ ရာခိုင်နှုန်းခန့် မြင့်တက်လေ့ရှိသည်။
အထူးသဖြင့် ရပ်ချာဒါပီဆက်-သာဖရာလမ်းမကြီး၊ ကလုအိုင် နမ့်ထိုင်း-ရာမ IV နှင့် ဆမ်ရောင်ဝန်းကျင်တို့မှာ မြေဈေးအမြင့်တက်ဆုံး နေရာများဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)