ကမ္ဘာ့ရွှေဈေး အမြင့်ဈေးကနေ ပြန်ဆင်းနေပေမဲ့ ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးကတော့ ကျပ် ၈၄၀,၀၀၀ကျော်မှာပဲ ရှိနေနိုင်သေးတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၁၃၅၀ ကျော်အဖြစ် ၁၃၇၀ကနေ ဈေးပြန်ကျနေတာပါ။ကမ္ဘာ့ရွှေဈေးက အမြင့်ဆုံးရောက်ခဲ့တာကြောင့် ကမ္ဘာ့ရွှေဈေးကွက်က ဈေးအေးနေတာလို့ သိရပါတယ်။ပြည်တွင်းရွှေဈေးကတော့ ဒေါ်လာဈေး ပြန် တတ်လာတာကြောင့် အမြင့်ဆုံးဈေးနဲ့ပဲ ရှိနေသေးတယ်လို့ သိရတယ်။
ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ‘ဖြစ်နိုင်ခြေပြောရရင် ကမ္ဘာ့ရွှေဈေးက ဆက်ဆင်းဦးမယ့် သဘောရှိတယ်၊ တက်ထားပြီးသားဖြစ်လို့ ပြန်ဆင်းတာပါ၊ ပြည်တွင်းရွှေဈေးကတော့ ထောင်ဂဏန်းနဲ့ တစ်သောင်းကျော်လောက် အတက်အကျ ဖြစ်နေတယ်၊ ဒေါ်လာဈေးက ငါးကျပ်လောက် ပြန်ဆင်းနေတော့ အခုလက်ရှိတော့ ပြည်တွင်းရွှေဈေးက ကျပ်၈၄၀,၀၀၀ ကျော်နဲ့ ရှိနေသေးတယ်’ လို့ ပြောပါတယ်။ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၅၀,၀၀၀အထိ လက်ရှိကာလအထိ ရွှေဈေးကွက်ထဲမှာ စံချိန်တင် မြင့်တတ်ခဲ့တယ်။
ပြည်တွင်းရွှေဈေးက သည်နေ့မှာ တစ်ကျပ်သားကို ကျပ် ၈၄၅,၅၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၃၅၂ ဒေါ်လာရှိပါတယ်။ငွေဈေးကတော့ ၁၁၈၂ ကျပ် ရှိပါတယ်။
Credit: The Modern