သန်လျင်အမှတ် ၁ တံတားအနီးတွင် တံတားသစ်တစ်စင်းထပ်မံတည်ဆောက်သွားမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မြေဈေးမှာမူ ထပ်မံမြင့်တက်လာမှုမရှိသေးကြောင်း မြိုခံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
""သန်လျင်တံတားစီမံကိန်း တကယ်လုပ်မယ်ဆိုရင်တော့ဈေးကတက်လာမှာဘဲ။
ဘာကြောင့်လဲဆိုတော့စီမံကိန်းရှိတဲ့မြေနေရာအများစုက
ဈေးတက်လေ့ရှိတာထုံးစံတစ်ခုလိုတောင်ဖြစ်နေပြီလေ။ဒီမှာက။အခုလည်းအသံတွေတွင်တွင်ကျယ်ကျယ်မကြားရသေးဘူး။ပြောရရင်မသေချာသေးဘူးပေါ့။ သေချာရင်တော့
မြေဈေးကျိန်းသေပေါက်တက်လာမှာပါ။လက်ရှိအချိန်အထိကတော့ ငြိမ်နေတုန်းဘဲ"" ကမာကြည် တံတားအနီးတွင် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းဖွင့်လှစ်လုပ်ကိုင်နေသူ ဦးအောင်သန်းမှ ဆိုသည်။
သန်လျင်မြို့နယ်သည် မြေနေယာပေါများဆဲမြို့နယ်
တစ်ခုဖြစ်သော်လည်း ဈေးနှုန်းအတက်အကျနည်းပါးနေ
ဆဲမြို့နယ်တစ်ခုဖြစ်သည်။ "သန်လျင်က ဘာလို့ဈေးမတက်လဲဆိုတာ ဆရာတို့လည်းအကြိမ်ကြိမ် စဉ်းစားတယ်။ဒါပေမယ်အဖြေမရဘူး။ အမှန်က ဈေးတက်သင့်တာကြာပြီ။တကယ်လို့
ခုနပြောတဲ့တံတားစီမံကိန်းဖြစ်တယ်ဆိုရင်တော့ ဈေးတက်လာမယ်လို့ သုံးသပ်ရတာဘဲ""ဟု ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဥက္ကဌ မှ ပြောဆိုသည်။
လက်ရှိ သန်လျင်မြို့နယ်တွင် သီလဝါဆိပ်ကမ်းအနီး မြေနေရာများမှာ ဈေးကွက်အရ အမြင့်ဆုံးဖြစ်နေပြီးသိန်း ထောင်ဂဏန်းမှ သောင်းဂဏန်းဝန်းကျင်အထိ ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်မှာ အခြားမြို့နယ်များနည်းတူ အေးစက်နေဆဲဖြစ်ကြောင်းသိရှိရသည်။
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးသည်နှင့်အမျှ သီလဝါစက်မှုဇုန်ရှိ မြေကွက်များမှာ တစ်ဧကလျှင် ကျပ်သိန်းတစ်ထောင်ခန့်အထိပင်ဈေးကျဆင်း
လာကြောင်းစုံစမ်းသိရှိရသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com