ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရဲ့ အဆောက်အအုံ ဆောက်လုပ်ခွင့်မူဝါဒသစ်ကို သည်တစ်ပတ်အတွင်း (ဇူလိုင်လ ဒုတိယအပတ်) ထုတ်ပြန်ပေးသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အတွင်း ရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။
အဆောက်အအုံတည်ဆောက်ခွင့် မူဝါဒရေးဆွဲတာ အကြမ်းဖျင်း ပြီးစီးနေပြီး သည်လ ၁ ရက်နေ့ကစပြီး တည်ဆောက်ခွင့်တင်တဲ့ အဆောက်အအုံတွေကို မူဝါဒအသစ်နဲ့ခွင့်ပြုပေးမှာဖြစ်ပါတယ်။ ရန်ကုန် မြို့အတွက်အဆောက် အအုံတည်ဆောက် ခွင့်မူက ရန်ကုန်မြို့အနေအထားနဲ့ မကိုက် ညီတော့တာကြောင့် အသစ်ပြန် လည်ရေး ဆွဲတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ‘စည်ပင်လုပ်ထုံးလုပ်နည်းမှာ စစ် ဆေးတဲ့ အချက်တွေ ပြောင်းတာတွေရှိတယ်၊ အဲဒါတွေ ရှေ့အပတ်ထဲ ထွက်မှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း အဆောက်အ အုံအထပ်နိမ့်၊ အထပ်မြင့်တည်ဆောက်ခွင့်တင်တဲ့ အမှုတွဲလက်ခံတာကို ပိတ်ထားပြီး သည်လ ၁ ရက်နေ့မှ စတင်လက်ခံဖို့ ကြေ ညာထားပါတယ်။ သည်ကြေညာချက် မထုတ်ခင် အဆောက်အအုံတည်ဆောက်ခွင့် အမှုတွဲ တင်ထားတာတွေကိုတော့ မူဝါ ဒ အဟောင်းနဲ့ စိစစ်ပြီး ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။
သည်လ ၁ ရက်နေ့ကစပြီး ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က အထပ်မြင့် သုံးထပ်အထိနဲ့ ကိုယ်ပိုင်အိမ် တည်ဆောက်ခွင့်တွေကို ပြန်လည်ခွင့်ပြု ပေးနေပါ တယ်။ အထပ်မြင့် လေးထပ်နဲ့အထက်အဆောက်အအုံတွေကိုတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က အမှုတွဲ ဟောင်း တွေ စိစစ်ပြီးမှ တည်ဆောက်ခွင့် အမှုတွဲ ပြန်လက်ခံမယ် လို့ သိရပါတယ်။
အဆောက်အအုံဆောက်လုပ်ခွင့် မူဝါဒအသစ်ကိုလည်း အများပြည်သူသိရှိ အောင် သတင်းစာနဲ့ သတင်းမီဒီယာတွေကနေ ကြော်ငြာပေးမှာဖြစ်ပါတယ်။ လက်ရှိ အစိုးရသစ်လက်ထက်မှာအဆောက် အ အုံတည်ဆောက်တဲ့မူဝါဒ အသစ်ရေးဆွဲတာ၊ အထပ်မြင့်အဆောက် အအုံတွေ ပြန် စိစစ်တာတွေကို ရန်ကုန် တိုင်းဝန်ကြီးချုပ် ကနေ ဦးဆောင်ပြီး စိစစ်ဆောင်ရွက်နေပါတယ်။
မူဝါဒသစ်တွေ ချမှတ်တာ၊ အထပ်မြင့်တွေ စစ်ဆေးတာတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့အတွင်း အထပ်မြင့် အဆောက်အအုံတွေ တည်ဆောက်တာကို ဥပဒေစည်းမျဉ်း စည်းကမ်း မူဘောင်အတွင်း လုံခြုံစိတ်ချစွာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ဖြစ်တယ် လို့ ပြောပါ တယ်။
လက်ရှိအစိုးရလက်ထက် အထပ်မြင့် အဆောက်အအုံတွေ မြေပြင်အထိ ကွင်းဆင်းစစ်ဆေးတာကို သည်လ၂၁ရက်နေ့က စတင်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ်မြေ ပြင်ကွင်းဆင်း
စစ်ဆေးဖို့ အထပ်မြင့် ၁၄၁ လုံး ကျန်ရှိနေသေး တယ် လို့ သိရပါတယ်။
အဆောက်အအုံတွေ ပြန်လည် စိစစ်ဖို့ အတွက် လက်ရှိကျင့်သုံးနေတဲ့ ဆောက် လုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကျောရိုးယူပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ မူဝါဒသစ်ရေးဆွဲမှာ ဖြစ်ပါတယ်။
တည်ဆောက်ခွင့်ခေတ္တရပ်ဆိုင်းခံရ တဲ့ အဆောက်အအုံ၁၄၁လုံးက ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်ပြုထားတဲ့ အဆောက်အအုံတွေဖြစ်ပါတယ်။ လက်ရှိ အစိုးရသစ်လက်ထက်မှာ အထပ်မြင့် အ ဆောက်အ အုံဆောက်လုပ်ခွင့် မပြု သေးဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက “ယာအုံက အမှုတွဲတွေအတွက် မူသစ် အကြမ်းဖျင်းတော့ ရေးဆွဲပြီးသွားပါပြီ၊ အ တည်ပြုတာကိုတော့ အစည်းအဝေးထိုင် ပြီးမှ အတည်ပြုမှာပါ၊ မူသစ်ရေးဆွဲရတာ ကတော့မူဟောင်းတွေက လက်ရှိအခြေ အနေ နဲ့ မကိုက်လို့ပါ”လို့ အ ဆောက် အအုံ တည်ဆောက်ခွင့်မူဝါဒသစ် ရေးဆွဲ တာနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
Credit: The Kumudra