ပြန်လည်စစ်ဆေးခြင်းခံနေရသည့် ရန်ကုန်မြို့မှ အထပ်မြင့်ကွန်ဒို အဆောက်အအုံ ၁၂လုံး၏ စစ်ဆေးတွေ့ရှိမှုရလာဒ်ကို ဇူလိုင် ၁၂က ထုတ်ပြန်လိုက်ပြီဖြစ်သည်။
အဆိုပါ အထပ်မြင့် အဆောက်အအုံ ၁၂လုံးမှာ ရန်ကုန်မြို့မှ အထင်ကရနာမည်ကြီး ကွန်ဒိုများပါဝင်ပြီး ကမ္ဘာအေးဘုရားလမ်း ပြည်လမ်းနှင့် ကမ်းနားလမ်းတို့တွင်တည်ဆောက်နေသည့် အဆောက်အအုံများပါဝင်ခဲ့သည်။
အဆိုပါ၁၂လုံးအနက် အများစုမှာ တည်ဆောက်ရန် ရည်ရွယ်ထားသည့် အထပ်အရေအတွက်ကိုလျှော့ချရန် ၊ စီမံကိန်းဒီဇိုင်းအားပြန်လည်တင်ပြပြီး ပါမစ်လျှောက်ထားရန် တို့ပြန်လည်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကဖွဲ့စည်းလိုက်သည့်ကော်မတီ၏ စစ်ဆေးမှု ရလာဒ်ကိုထုတ်ပြန်ခဲ့သည်။
၂၅ထပ် ၂၇ထပ် တည်ဆောက်ရန် ရည်၇ွယ်ထားသည့် ကွန်ဒိုများအား ၁၆ထပ် ၁၇ထပ် သာလျှော့ချတည်ဆောက်ရန် ညွှန်ကြားခဲ့ပြီး အချို့ ၁၂ထပ်ခွဲ ဆောက်ရန် ရည်ရွယ်ထားသည့် ကွန်ဒိုများကိုမူ လက်ရှိဆောက်လုပ်ပြီးစီးနေသည့် ၇ ထပ် ၈ထပ် များကျပ် သာ ရန့်တန့်ပြီး စီမံကိန်း အပြီးသတ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
"ကြိုရောင်းထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တော်တော်လေး ၀ယ်ယူ ထားတဲ့သူနဲ့ ရှင်းယူရမဲ့ ပြသနာတွေတော့ရှိနိုင်တယ် ငွေတွေ ပြန်အမ်းရနိုင်တယ် " ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက သူ၏ အမြင်ကိုသုံးသပ်သည်။
အစိုးရသစ်လက်ထပ် ရန်ကုန်တွင် အထပ်မြင့်တည်ဆောက်ရန် မူအားဖြင့် ခွင့်ပြုချက် ရ၇ှိခဲ့သည့် ၁၃ထပ်နှင့် အထက် အဆောက်အအုံ ၁၄၁ လုံးကို ကော်မတီတစ်ရပ်ဖွဲ့၍ ပြန်လည် စစ်ဆေးလျှက်ရှိပြီး အဆိုပါစစ်ဆေးမှုမှ လက်ရှိ ၁၂လုံး၏ ရလာဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com