သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် စက်ရုံများ တည်ဆောက်မှု ပြီးစီး၍ စီးပွားဖြစ် လည်ပတ်ပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းခန့် ဖန်တီးပေးနိုင်မည်

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် စက်ရုံများ တည်ဆောက်မှု ပြီးစီး၍ စီးပွားဖြစ် လည်ပတ်ပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းခန့် ဖန်တီးပေးနိုင်မည် - Property News in Myanmar from iMyanmarHouse.com
12 Jul 2016 11:09 am တွင် တင်ခဲ့သည်
1620 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် စက်ရုံများ အလုံးစုံ တည်ဆောက် ပြီးစီးကာ စီးပွားဖြစ် လည်ပတ်ပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသောင်းခန့် ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း Myanmar-Japan Thilawa Development limited မှ သိရသည်။

လက်ရှိတွင် သီလ၀ါ အထူးစီးပွားရေးဇုန်၏ အပိုင်း(က)တွင် Infrastructure ပိုင်းများ တည်ဆောက်ပြီးစီးမှု အခြေအနေမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကာ ကျန်သည့် စက်ရုံများ၏ တည်ဆောက်မှုများ အလုံးစုံ ပြီးစီးပါကအလုပ်အကိုင်အခွင့်အလမ်းပေါင်း
လေးသောင်းနီးပါး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ အလုပ်အကိုင် အခွင့်အလမ်း အတွက်က သီလ၀ါ အထူးစီးပွားရေးဇုန်ရဲ့ ဇုန် (က) တစ်ခုလုံးက တည်ဆောက်မှု ပြီးစီးပါပြီ။ ပြီးတယ် ဆိုတာက developer အနေနဲ့ Infrastructure ပိုင်းမှာ ပြီးစီးတာပေါ့။ ရင်းနှီးမြှုပ်နှံသူတွေက ဆောက်တာကတော့ သူတို့အပိုင်းပေါ့။ အဲဒါကတော့ အချိန်ထပ်ပေးရတယ်။ ရင်းနှီးမြှုပ်နှံသူတွေ စက်ရုံ ဆောက်လုပ်တာက တစ်နှစ်၊ တစ်နှစ်ခွဲလောက်တော့ ကြာတတ်ပါတယ်။ အားလုံး စက်ရုံတွေအကုန် အပြည့် ပြီးစီးပြီး စက်ရုံတွေပါ လုပ်ငန်းစလည်ပတ်ရင်အလုပ်အကိုင်ပေါင်း
လေးသောင်းလောက် ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု Myanmar-Japan Thilawa Development limited မှ officer and general manager ဦးမြင့်ဇော်က ပြောကြားသည်။

လက်ရှိတွင် သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း(က)တွင် အလုပ်အကိုင်ပေါင်း ၈၀၀၀ ကျော် ဖန်တီးပေးထားပြီးဖြစ်ကာ ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံသည့် စက်ရုံများမှ တည်ဆောက်ဆဲ ကာလများပါ အပါအ၀င်ဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်နေသည့် ကုမ္ပဏီများမှ အလုပ်အကိုင်များ ပါဝင်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၄ ခု၏ ရင်းနှီးမြှုပ်နှံရန် လက်ခံရရှိထားပြီး ဖြစ်ကာ ပြည်ပသို့ တင်ပို့သည့် ထုတ်ကုန် အချိုးအစားအပေါ် မူတည်ကာ Free zone, Promotion zone အဖြစ် အခွန်ကင်းလွတ်ခွင့် ငါးနှစ်မှ စတင်ကာ ပေးအပ်ထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ် တိုင်းတာ ပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေ ဧရိယာ စတုရန်း ကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အ၀န်း အားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ် သတ်မှတ်ထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကိုယ်စား သီလ၀ါ အထူးစီးပွားရေးဇုန် ကော်မတီမှ ၁၀ ရာခိုင်နှုန်း၊ Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ MMST ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း၊ ဂျပန် အစိုးရ ကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးေ အဂျင်စီက ၁၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မြန်မာ ၅၁ ရာခိုင်နှုန်း ဂျပန် ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၆၉ သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်လာ...

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...

[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...

မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

Expo Singapore
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service